တရုတ်ကို အထိနာအောင်...
 
Share:
Notifications
Clear all

တရုတ်ကို အထိနာအောင် သပိတ်မှောက်ဖို့


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
Topic starter  

အမှန်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်တယ်လို့ လိမ်ညာလှည့်စားပြီး၊ ပြည်ပသြဇာခံမဖြစ်ဖို့ ကာကွယ်ပေးနေပါတယ်ဆိုတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများက မြန်မာပြည်ကို တရုတ်ပြည်လက် ထိုးအပ်လိုက်ပြီး သူတို့ကိုယ်တိုင် တရုတ်ကျွန်ခံလိုက်ကြပြီဆိုတာ ရှင်းနေပါပြီ။

မင်းအောင်လှိုင်ဆိုတာ တရုတ်ရဲ့ လက်ပါးစေ အစေခံ ဖြစ်နေပြီး၊ ကိုယ့်လူမျိုးအချင်းချင်း ကို အခြားလူမျိုးများကတောင် မကြည့်ရက်လောက်အောင် ရက်ရက်စက်စက် သတ်ဖြတ်ပြကာ တရုတ်ရဲ့ ယုံကြည်မှုနဲ့ သြဇာကို ခံနေတယ်ဆိုတာလဲ ရှင်းပါတယ်။

အခုအခြေအနေဟာ တရုတ်က မြန်မာစစ်တပ်ကို ကိုင်တွယ်ပြီး မြန်မာပြည်ကို ကြီးစိုးခြယ်လှယ်နေတာ ထင်ထင်ရှားရှား ဖြစ်နေပါပြီ။

ဒီတော့ မြန်မာလူမျိုးများဟာ တရုတ်ကို အထိနာအောင် သပိတ်မှောက်ဖို့ လုပ်လာကြပါတယ်။ သပိတ်မှောက်ရာမှာ တရုတ်ကုန်ပစ္စည်းတွေ ဝယ်မသုံးဖို့ လုပ်ပါတယ်။ သို့သော် တရုတ်ကုန်ပစ္စည်းတွေ ဝယ်မသုံးခြင်းဟာ တကယ်ဘဲ တရုတ်ကို အထိနာစေပါ့မလားလို့ တွက်ဆကြည့်ဖို့ လိုပါလိမ့်မယ်။

တရုတ်ဟာ သူ့ရဲ့ ကုန်ပစ္စည်းများကို တကမ္ဘာလုံး ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေကို ရောင်းချရတဲ့ အားနဲ့နှိုင်းယှဥ်မယ် ဆိုရင် မြန်မာပြည် တပြည်လုံး တရုတ်ပစ္စည်း လုံးဝ မသုံးစေသည့်တိုင် သူတို့ အနေနဲ့ သိသိသာသာ နစ်နာတဲ့ အထိတော့ ဖြစ်မယ် မထင်ပါဖူး။ တကယ်တန်းမှာ မြန်မာပြည် တပြည်လုံးမှာ တရုတ်ပစ္စည်း လုံးဝ မသုံးဖူး ဆိုတာလဲ ဖြစ်နိုင်ဖို့ မလွယ်လှပါဖူး။

တရုတ်ဟာ မြန်မာပြည်ကို သူတို့ ပစ္စည်းရောင်းချဖို့ စျေးကွက်ထက်၊ မြန်မာပြည်က သယံဇာတ အရင်းအမြစ်တွေကို စျေးပေါပေါနဲ့ ရနိုင်ဖို့ ‌ဖောက်သည် အဖြစ်သာ အရေးကြီးတာပါ။

ဒါဆိုရင် မြန်မာပြည်ဟာ ဖောက်သည်ကောင်း တယောက်မဖြစ်အောင် လုပ်ပြခြင်းဖြင့် တရုတ်ကို အထိနာအောင် လုပ်ဆောင်လို့ရပါလိမ့်မယ်။

ပထမဦးစွာ လုပ်နိုင်တာကတော့ တရုတ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ရှိသမျှ တရုတ်ပိုင်တယ်ဆိုရင် ဘယ် မြန်မာအလုပ်သမားမှ ဝင်မလုပ်ဖို့ လိုပါတယ်။ တရုတ်ပိုင် လုပ်ငန်းကို ဝင်မလုပ်တဲ့ မြန်မာအလုပ်သမားတွေကို အခု CDM အထောက်အပံ့ပေးကြသလို တဖက်က အလုပ်ရှာ ပံ့ပိုးပေးဖို့လဲ လိုပါမယ်။

နောက် တရုတ်ကို တင်ပို့မဲ့ ပစ္စည်းတွေကို ပိတ်ဆို့တာ - ဥပမာအားဖြင့် ကားများနဲ့ လမ်းပိတ်ထားတာတွေ၊ နှောင့်နှေးအောင် လုပ်တာတွေ၊ နောက်ဆုံး ပျက်ဆီးအောင် ဖျက်ဆီးတာတွေ အပါအဝင် အမျိုးမျိုး ကြံစည် ဟန့်တားလာရင်၊ ‌နောင်ဆို မြန်မာပြည်က ပစ္စည်း ရဖို့ဆိုတာ လွယ်လွယ်ကူကူမဟုတ်တော့တဲ့ အခါ သူတို့မှာ စရိတ်ထောင်းလာနိုင်ပါမယ်။

တခါ တရုတ်က မြန်မာပြည်မှာ သယံဇာတ ထုတ်လုပ်နေတဲ့ အကွက်တွေ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ၊ ပိတ်ဆို့တာတွေ၊ ဖျက်ဆီးတာတွေကိုလဲ နည်းအမျိုးမျိုးနဲ့ လုပ်မယ် ဆိုရင် - တရုတ်အနေနဲ့ တကယ်ဘဲ အထိနာလာနိုင်ပါလိမ့်မယ်။

ဒီလို နည်းလမ်းမျိုးတွေနဲ့ တကယ်ဘဲ ညီညီညွတ်ညွတ် လုပ်နိုင်မယ် ဆိုရင်တော့ တရုတ်ကို ပြည်သူလူထု ဆန္ဒမပါဘဲ မြန်မာပြည်မှာ လာလုပ်လို့မရကြောင်း ပြသနိုင်မှာ ဖြစ်တယ်လို့ တွက်ဆကြည့်နိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Use only English letters in the name.

Author Email

Your email address will not be published.

Title *

(မြန်မာစာဖြင့် ရေးသားလျှင် ယူနီကုဒ်ကို အသုံးပြုပါ)

Maximum allowed file size is 5MB

Preview 0 Revisions Saved