Share:
Notifications
Clear all

မြန်မာပြည်သူ အများစုရဲ့ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနဲ့ အကျိုးပေး


Kaung Sett
(@kaungsett)
88 Student Contributor
Joined: 8 months ago
Posts: 59
Topic starter  

ဘုရားကျောင်းကန် အလှူဒါနတွေပေါများတဲ့ မြန်မာနိုင်ငံမှာ -

ဗုဒ္ဓဂုဏ်တော်တွေကို မှန်မှန်ကန်ကန် နားမလည်ဘဲ ဗုဒ္ဓကို တန်ခိုးရှင် နတ်ဘုရားလို အဆင့်နှိမ့်ချ ကိုးကွယ်ပြီး၊ တစ်ဆယ်ဖိုးလောက် ပန်းကပ်လို့ တစ်သိန်းဖိုးလောက် ပြန်မ,စဖို့ မျှော်လင့်နေမယ်ဆိုရင်၊

သံသရာရဲ့ သဘောတရားကို ရှာဖွေတွေ့ရှိပြီး ဟောပြခဲ့တဲ့ ဗုဒ္ဓရဲ့ တရားတွေကို ရွတ်ဖတ်သရဇ္ဇယ်နေပြီး၊ အဓိပ္ပါယ်လဲ မသိ၊ ဘာကိုပြဆိုသလဲဆိုတာလဲ နားမလည်တဲ့အခါ၊ ဆေးဆရာဝန်ကပေးတဲ့ ဆေးညွှန်းကို - ဆေးဖော်သောက်ရမယ်ဆိုတာ နားမလည်ဘဲ - ဆေးညွှန်းကို အခေါက်ခေါက်ရွတ်နေရုံနဲ့ စွမ်းတော့မယ် ထင်မှတ်နေမယ်ဆိုရင်၊

ဗုဒ္ဓရဲ့ဂုဏ်တော်၊ ဓမ္မဂုဏ်တော်တွေကို တန်ဖိုးချနေသလိုဖြစ်ပြီး၊ စေတီပုထိုးမှာ ကပ်လှူထားတဲ့ ရွှေကိုခွာယူတာနဲ့ မထူးမခြားနားတဲ့ အကုသိုလ်ဘဲ ဖြစ်နေမှာပါ။

အကုသိုလ်တွေများလာရင်တော့ ကြမ်းတမ်းတဲ့ တုန့်ပြန်မှုတွေကို ခံကြရတတ်တာ သဘာဝပါဘဲ။

(မသိလို့ ပြုမိတဲ့ အကုသိုလ်တွေကို သတိနဲ့လုပ်တဲ့ ကုသိုလ်တွေနဲ့ ဖျက်ပစ်နိုင်တာလဲ သဘာဝပါဘဲ၊ ကုသိုလ်တွေများလာတဲ့အခါ သိမ်မွေ့တဲ့ တုန့်ပြန်မှုတွေကို ခံကြရတတ်တာလဲ သဘာဝပါဘဲ)

မြန်မာပြည်မှာ ကုသိုလ်များ တိုးပွားများပြားလာပါစေ...


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved