Share:
Notifications
Clear all

အကုသိုလ်အကျိုးပေးရဲ့ အရင်းခံ


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
Topic starter  

သဘာဝ ဆိုတာ - "အမှန်တရား" ဘဲ၊ ဘယ်တော့မှ မမှားဖူး၊ အတိအကျ မှန်ကန်မှုရှိတဲ့ ပုံသေနည်း တခုဘဲ။
အဲဒီလို ဘယ်တော့မှ မမှားဘဲ အမြဲတမ်းမှန်တဲ့ "သဘာဝ" ကို "ဓမ္မ" လို့ ဗုဒ္ဓ ဟောခဲ့တာဖြစ်တယ်။

လူတယောက်ဟာ နံရံကို လက်သီးနဲ့ ပြင်းပြင်းထိုးလိုက်တဲ့ အခါ လက်မှာ နာကျင်မှု ဖြစ်တယ်။
လက်သီး ပြင်းသလောက် တန်ပြန် နာကျင်မှုလဲ အတိအကျ ဖြစ်ရတယ်။

ကိုယ်မှာ နာကျင်မှု ဖြစ်တဲ့အခါ - ကိုယ်တိုင် နံရံကို လက်သီးနဲ့ ခပ်ပြင်းပြင်းထိုးလိုက်မိတဲ့ အခိုက်အတန့်ကို မေ့လျော့သွားပြီးဖြစ်စေ၊ မသိလိုက်ဘဲ ရှိသည်ဖြစ်စေ၊ သတိမပြုလိုက်သည်ဘဲ ဖြစ်စေ၊ ဖြစ်ခဲ့ပြီး၊ နာကျင်မှု ဖြစ်တဲ့ အခါမှ-
ငါဘာမှားခဲ့လို့လဲ မဆန်းစစ်ဘဲ၊ ငါအခု နာကျင်ရတာဟာ နတ်ဆိုးတွေက နှောက်ယှက်သလိုလို၊ ကံဇာတာ ညံ့နေတာမျိုးလိုလို၊ ထင်မှတ်မှားပြီး ဂုဏ်တော်ပုတီး တထောင်စိတ်ပြီးလဲ နောက်တခေါက် နံရံကို လက်သီးနဲ့ ထပ်ထိုးမိရင် ထပ်နာအုံးမှာဘဲ။

ငါ သူများအပေါ် စိတ်မယုတ်မာပါဖူး၊ ငါ သူများအပေါ်လဲ မကောင်းကြံ အကောက်ကြံ မလုပ်ပါဖူး၊ အိမ်မှာ ဘုရားပန်းလဲ မညိုးစေရပါဖူး၊ ပုရိတ်ကြီး (၁၁) သုတ်လဲ နေ့တိုင်းရွတ်ဖက်နေပါတယ်၊ သို့သော် ငါ့မှာ နာကျင်မှု ဖြစ်ရတယ် ဆိုပြီး - သဘာဝကြီးဟာ အမှန်တရား ဓမ္မဖက်က ရပ်တည်မှု မရှိဖူး ထင်မှတ်ရင်တော့ - အဲဒီလူမှာ တခုခုမှားနေပြီ ဆိုတာ သေချာနေပြီဘဲ။ သဘာဝ အမှန်တရား ဓမ္မဆိုတာ ကိုယ်လုပ်ချင်တာ လုပ်ပြီး ကိုယ်ဖြစ်ချင်တာ ဖြစ်ရစေဖို့ မှ မဟုတ်ဘဲ။

ဘုရားစာတွေ ပုရိတ်တွေ အခေါက် ထောင်ချီ ရွတ်ပါလေ၊ အရပ်မျက်နှာ တရာမကကို မေတ္တာတွေ ပို့ ဖြန့်ဝေပါလေ၊ အလှူဒါနတွေ ပြုပါလေ၊ ပြီးရင် နံရံကို ခေါင်းနဲ့ တချက်လောက် ပြင်းပြင်းစောင့်ကြည့်ပါလား? နံရံကို ခေါင်းနဲ့ စောင့်တာနဲ့ ဘုရားစာ ရွတ်တာနဲ့ ဘာမှ မသက်ဆိုင်ပါဖူး၊ မေတ္တာပို့တာနဲ့လဲ မဆိုင်ပါဖူး၊ ခေါင်းနဲ့ စောင့်ရင်တော့ ခေါင်းနာမှာပါဘဲ။ ဒီလိုပါဘဲ - ကုသိုလ်တွေ လုပ်နေလို့ အကုသိုလ် မဖြစ်ဖူးလို့ ကံတရားကို စီးပွားတွက် တွက်ပြီး ချေလို့ မရပါဖူး။ ကုသိုလ်က ကုသိုလ် - အကုသိုလ်က အကုသိုလ် တခြားစီပါဘဲ။ ဘာမှ မသက်ဆိုင်ပါဖူး။

အေးစက်နေတဲ့ ရေကို သောက်ရင် အေးစက်နေတဲ့ အရသာကို ခံစားရမှာပါ၊ ပူလောင်တဲ့ ရေကို သောက်ရင် ပူလောင်တဲ့ အရသာကို ခံစားရမှာပါ။ အေးစက်နေတဲ့ ရေတွေကို တဂါလံလောက် သောက်ထားပြီးလဲ ပူတဲ့ ရေ တခွက်လောက် သောက်မိလိုက်ရင် ပူလောင်တဲ့ အရသာ ခံစားရမှာပါဘဲ။

အခုတော့ ခေါင်းတွေလဲ ကွဲကြပြီ၊ အပူတွေလဲ လောင်ကြပြီ...။

ဒါဟာ သဘာဝ ဓမ္မကို ဆန့်ကျင်ပြီး အဓမ္မ ဖြစ်နေတာ မဟုတ်ပါဖူး။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကံ ကိုယ့်အပေါ်မှာ အကျိုးသက်ရောက် နေတာပါဘဲ။ ဒါပေမဲ့ သဘာဝ အမှန်တရားမှာ - အနိစ္စ ပြောင်းလဲ နေတဲ့ သဘောလဲ ရှိပါတယ်၊ ဘယ် အရာမှ မတည်မြဲခြင်းပါ၊ ဒါ့ကြောင့် နာကျင်မှုတွေ ပူလောင်မှုတွေဟာလဲ အမြဲတော့ တည်နေမှာမဟုတ်ပါဖူး။

အဲဒီတော့ နောက်ထပ် နာကျင်မှုတွေ ပူလောင်မှုတွေ မဖြစ်ရအောင် ကိုယ့်ကိုယ်ကို အချိန်တိုင်း ဆန်းစစ် သတိပြုနေဖို့သာ လိုပါလိမ့်တော့မယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved