TrueMyanmar Bulletin Board သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်း မရှိဘဲ၊ ဘုတ်ပေါ်တွင် သတ်မှတ်ထားသည့် နေရာများမှာ အသုံးပြုခွင့်ရှိပါသည်။ အချို့ ခေါင်းစဥ်များအောက်တွင် အကြောင်းပြန်ရေးသားခြင်း၊ ပူးတွဲထည့်သွင်းထားသည့် ဖိုင်များကို ကြည့်ရှု သိမ်းယူနိုင်ခြင်းများ လုပ်နိုင်ပါသည်။
သို့ရာတွင် ခေါင်းစဥ်အသစ် ထည့်သွင်း၍ ရေးသားခြင်း၊ ဓါတ်ပုံ ဗီဒီယိုနှင့် အခြားဖိုင်များ ပူးတွဲထည့်သွင်းခြင်းများ၊ နှင့် အခြား လုပ်ဆောင်မှုများကို ဝင်ရောက်လုပ်ဆောင်မည် မဟုတ်ပါ။
TrueMyanmar Bulletin Board သို့ မည်သူမဆို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ကြိုဆိုပါသည်။ ဤဘုတ်ကို ကြီးကြပ်သူများသည် သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင်မသိစေဘဲ သိမ်းဆည်း ဖော်ပြမည် မဟုတ်ပါ။ ဤဘုတ်အဖွဲ့ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့ စီမံခန့်ခွဲ စောင့်ရှောက်သည်ကို ဤနေရာနှိပ်၍ ဖတ်ရှုနိုင်ပါသည်။
TrueMyanmar Bulletin Board သို့ အီးမေးလ်ကို အသုံးပြု၍ ဖြစ်စေ၊ Facebook account မှ တဆင့်ဖြစ်စေ ဝင်ရောက်နိုင်ပါသည်။ ပထမဆုံးအကြိမ် ဝင်ရောက်ရန်မှာ ဤစာမျက်နှာ၏ ညာဖက် ကော်လံထိပ်မှာ - "Register" ဟုပြထားသည့် နေရာကို နှိပ်ပြီးလျှင် အောက်ပါ ပုံစံကို တွေ့ရပါလိမ့်မည်။
ပထမ အပေါ်မှ အပိုင်းမှာ - အီးမေးလ်ကို အသုံးပြုဝင်ရန် ဖြစ်ပြီး၊ ဒုတိယ အပိုင်းမှာ Facebook အသုံးပြုဝင်ရန် ဖြစ်ပါသည်။
အီးမေးလ်ကို အသုံးပြုဝင်မည်ဆိုပါက - မိမိ ဖော်ပြအသုံးပြုလိုသည့် အမည်တခုပေးပြီး၊ မိမိ၏ အီးမေးလ် လိပ်စာ အမှန်ကို ထည့်သွင်းရပါမည်။ ထိုအခါ - မိမိ၏ အီးမေးလ်သို့ TrueMyanmar Bulletin Board မှ လှို့ဝှက်သင်္ကေတ (password) သတ်မှတ်ရန် စာ (ချက်ခြင်း) ရောက်လာပါလိမ့်မည်။ (တခါတရံ ထိုသို့ ပို့ပေးသည့်စာမှာ မိမိ အီးမေးလ်၏ 'spam' သို့မဟုတ် 'junk' ခေါင်းစဥ်အောက် ရောက်ပြီး ပျောက်နေတတ်ပါသည်၊ စာမရရှိလျှင် ထိုနေရာများ အောက်တွင် ရှာဖွေကြည့်ပါ) ထို့နောက် အီးမေးလ်တွင်ပါသော link (လင့်လိပ်စာ) ကိုနှိပ်ပြီး မိမိ အသုံးပြုလိုသည့် လှို့ဝှက်သင်္ကေတ (password) အင်္ဂလိပ်စာလုံး အနည်းဆုံး ၁၂ လုံးဖြင့် သတ်မှတ်ထည့်သွင်းပါ။ သတိပြုရန်မှာ - အီးမေးလ်ကို အသုံးပြုဝင်ရောက်ရန် ထည့်သွင်းပြီး လှို့ဝှက်သင်္ကေတကို (၇) ရက်အတွင်း သတ်မှတ်ခြင်း မရှိပါက အီးမေးလ်တွင်ပါသော link (လင့်လိပ်စာ)မှာ ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
Facebook ကို အသုံးပြု၍ ဝင်ရောက်ရန်မှာ - အပေါ်တွင် ပြထားသည့် ပထမပုံတွင် အောက်ခြေရှိ Facebook အမှတ်အသားဖြင့် ပြထားသည့် ခလုတ်ပုံ ရှေ့မှ အကွက်ကို အမှန်ခြစ် ရွေးချယ်ပြီး ဝင်ရောက်ရန်ဖြစ်ပါသည်။
It Takes Courage to Stand for the Truth.