မိုင်းမင်းနောင်
 
Share:
Notifications
Clear all

မိုင်းမင်းနောင်


Kaung Sett
Posts: 59
Contributor
Topic starter
(@kaungsett)
88 Student
Joined: 9 months ago

ဒီနေ့တိုက်ပွဲ ကျဆုံးသွားတဲ့ သူရဲကောင်း မိုင်းမင်းနောင်
"ငါတို့ လားရှိုး ငြိမ်နေလို့မရဘူး"ဆိုတဲ့ စကားဟာ မိုင်းမင်းနောင် အမြဲပြောနေကျ စကားဖြစ်ပါတယ်။
ဒါကြောင့် ဆန္ဒပြပွဲမရှိလည်း တစ်ခုမဟုတ်တစ်ခု စစ်အာဏာရှင်ဆန့်ကျင်နည်းလမ်းကို တွေးတောကြံဆပြီး ပြုလုပ်နေသူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက လားရှိုးမှာ ညပိုင်း ဆိုင်ကယ်တွေနဲ့ စီတန်းဆန္ဒပြပွဲကအစ ဒီနေ့ မတ်လ ၂၇ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ထိပ်ဆုံးကနေ အမြဲတက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။
မိုင်းမင်းနောင်ဟာ လားရှိုးမြို့မှာ သပိတ်စစ်ကြောင်းတွေရှိရင် ဘောက်ကြီးတစ်လုံးအမြဲယူလာလေ့ရှိပြီး ရှေ့ဆုံးကနေ ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အခါမှာ ဦးဆောင်ဟောပြောတတ်သူတစ်ယောက်ဖြစ်ပါတယ်။
သူဟာ တအာင်းလူမျိုးတစ်ဦးဖြစ်သလို ဥပဒေကျောင်း နောက်ဆုံးနှစ်တက်ရမှာဖြစ်ပြီး အသက် လည်း ၂၂နှစ်ရှိပြီဖြစ်ပါတယ်။
လားရှိုးမြို့မှာပြုလုပ်နေတဲ့ ညသပိတ်၊ ဆိုင်ကယ်သပိတ်နဲ့ ရေချောင်းတွေမှာ ပြုလုပ်တဲ့သပိတ်တွေမှာလည်း အမြဲဦးဆောင်နေသူဖြစ်ပါတယ်။
သူ့ဟာ လားရှိုးမြို့ထဲကို နေ့စဥ် ၃ခေါက်ထပ်မနည်း ပတ်လေ့ရှိပြီး ဆန္ဒပြပွဲရှိမရှိကို အမြဲလိုက်လေ့လာလေ့ရှိပြီး အခွင့်ကောင်းရင်ကောင်းသလို ဆန္ဒပြဖို့ စိတ်အားထက်သန်နေသူဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
ဒီနေ့မနက်မှာလည်း ၆နာရီခွဲကတည်းက ထပြီး တန္ဒပြပွဲကိုသွားခဲ့တာလို့ သူနဲ့အတူနေထိုင်တဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
၇နာရီ ၅၀မိနစ်ဝန်းကျင်အရောက်မှာတော့ စစ်တပ်နဲ့ရဲဘက်က အကြမ်းဖက်ပစ်ခတ်မှုကြောင့် မိုင်းမင်းနောင်ရဲ့ နောက်ကျော့ကနေ ရင်ဘတ်ဘက် ကျည်ပေါက်ထွက်သွားပြီး သေဆုံးသွားခဲ့ပါတယ်။
မိုင်းမင်းနောင်ဟာ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တအာင်းလူမျိုးအတွက် ရှေ့ဦး သူရဲကောင်းအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။

minnaung1
minnaung2
minnaung3
minnaung4
Photo of the martyr
minnaung.jpg
Status
နောက်ဆုံးနှစ်ဥပဒေကျောင်းသား
Place of casualty
လားရှိုးမြို့
Age
22
Date of death
2021-03-27
Reply

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved