မပြောနဲ့ သိပ်စိတ်ဆိ...
 
Share:
Notifications
Clear all

မပြောနဲ့ သိပ်စိတ်ဆိုးလိမ့်မယ်


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
Topic starter  

ယဥ်ကျေးမှုတိုးတက်တဲ့ နိုင်ငံသား တယောက်ဟာ ဆေးလိပ်မသောက်ရလို့ မကြာခင်ကမှ သတ်မှတ်လိုက်တဲ့ နေရာ တခုမှာ ဆေးလိပ်သောက်လို့ ရတဲ့နေရာလို့ သူအရင်က သိထားတဲ့ အတွက် ဆေးလိပ်ထုတ်သောက်လိုက်မိတယ် ဆိုပါစို့။ ဒီအခါမှာ လမ်းသွားလာတဲ့ လူတယောက်က - "ခင်ဗျားဒီမှာ ဆေးလိပ်မသောက်ရဖူး ဆိုတာ မသိဖူးလား" လို့ပြောခဲ့ရင်၊ ဆေးလိပ်သောက်သူက ဒီနေရာဟာ သူဆေးလိပ်သောက်နေကြ၊ သောက်လို့ရတဲ့ နေရာလို့ သိထားတဲ့အတွက် - "မသိပါဖူး ခင်ဗျာ၊ ခင်ဗျားရော ဘယ်လို သိပါသလဲ" လို့ ပြန်မေးပါလိမ့်မယ်။

အဲဒီ ဆေးလိပ်သောက်တဲ့ လူနေရာမှာ မြန်မာလူမျိုးတယောက် ဖြစ်ခဲ့တဲ့ ဆိုရင်တော့ - "ကျုပ်သိတယ် ခင်ဗျား ဆရာကြီး လာမလုပ်နဲ့" လို့ ပြန်ပြောပါလိမ့်မယ်။

ဘာကြောင့်ပါလဲ၊

ယဥ်ကျေးမှု တိုးတက်တဲ့ နိုင်ငံသားတွေမှာ တိုးတက်တဲ့ ပညာရေးစံနစ်အောက်မှာ ကြီးပြင်းလာရတော့ - မသိသေးတဲ့ အရာမှန်သမျှကို အမြဲဘဲ ဆည်းပူးလေ့လာချင်စိတ်ရှိကြတယ်။ သိခဲ့ပြီးတဲ့ အရာမှန်သမျှကိုလဲ ခေတ်အချိန်နဲ့အညီ မှန်ကန်နေသေးသလား ဆိုတာကို အမြဲဆန်းစစ်နေချင်တတ်ကြတယ်။

စာအလွတ်ကျက်ပြီး မှတ်ရတဲ့ ပညာရေးစံနစ်အောက်မှာ ကြီးပြင်းလာရတဲ့ မြန်မာလူမျိုးကတော့ - အကြောင်းကိစ္စတခုကို ပုံသေကျက်မှတ် ရိုက်သွင်းထားတတ်ကြတယ်၊ ပုံသေမှတ်ထားတဲ့ နေရာမှာထပ်ပြီး ဘာမှ ပြင်ဆင်မွန်းမံတာကို လက်မခံနိုင်တော့ဖူး၊ ဒီလို မှတ်ဥာဏ်ထဲမှာ အတိအကျထည့်မှတ်ထားနိုင်တာကိုဘဲ ကိုယ့်ကိုယ်ကို တော်လှပြီ တတ်လှပြီလို့ ယူဆတတ်ကြတယ်။

ဒါ့ကြောင့်မို့ - မှတ်ဥာဏ်ဘဲ ရှိပြီး အလုပ်မလုပ်တတ်တဲ့ ဦးနှောက်တွေကို ဘာမှ သွားမပြောတာကောင်းပါတယ်၊ သွားပြောမိရင်တော့ စိတ်ဆိုးကြပါလိမ့်မယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved