Share:
Notifications
Clear all

တောရိုင်း တိရိစ္ဆာန်သဘာဝကို သတိထားနေဖို့ လိုပါမယ်


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
Topic starter  

“Life Of Pi” ဆိုတဲ့ ရုပ်ရှင် ကို ကြည့်ဖူးသူတွေ ရှိကြမှာပါ၊ အဲဒီ ရုပ်ရှင် ဇာတ်လမ်းမှာ -

Pi ဆိုတဲ့ ကောင်ကလေးရဲ့ ဖခင်နဲ့ မိခင်တို့ဟာ အန္ဒိယမှာ တိရိစ္ဆာန်တွေကို မွေးမြူပြီး တိရိစ္ဆာန်ရုံလုပ်ငန်း လုပ်ကိုင်ကြပါတယ်။ တနေ့မှာ Pi ဟာ လှောင်အိမ်ထဲက ကျားကြီးတကောင်ကို ကြင်ကြင်နာနာနဲ့ လှောင်အိမ် အနားကို ကပ်ပြီး အစာကျွေးဖို့ ကြိုးစားတဲ့ အခါ၊ ကျားကြီးက သူ့ကို ရန်ပြု တိုက်ခိုက်ဖို့ လုပ်လာတာကို ဖခင်ဖြစ်သူက တွေ့သွားပါတယ်။ ဒီအခါ သူ့သားကို တိရိစ္ဆာန်တွေရဲ့ သဘော သဘာဝ အကြောင်း ကောင်းကောင်း နားလည်စေချင်တဲ့ သဘောနဲ့ ကျားလှောင်အိမ်ရှေ့မှာ ဆိတ်တကောင်ကို ချဥ်နှောင်ပြီး ပြသပါတယ်။ ကျားဟာ ရက်ရက်စက်စက်ဘဲ ဆိတ်ကို ကိုက်ဖြတ်သတ်လိုက်တာ အထိတ်တလန့်နဲ့ Pi မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ ဒီအခါမှာ ဖခင်ဖြစ်သူဟာ သူ့ရဲ့သားကို - တောရိုင်း တိရိစ္ဆာန်ဆိုတာ ရိုင်းစိုင်းတဲ့ တိရိစ္ဆာန်မျိုး ဖြစ်တဲ့အတွက် သူတို့ အပေါ် မေတ္တာ စေတနာနဲ့ ဆက်ဆံလို့ မရနိုင်ကြောင်း၊ သူတို့မှာ အစာအတွက် သတ်ဖြတ် စားသောက်လိုတဲ့ သဘာဝဘဲ ရှိတဲ့ အကြောင်း၊ တိရိစ္ဆာန်ကို လူလို ဆက်ဆံလို့ မရတဲ့ အကြောင်း ရှင်းပြခဲ့ပါတယ်။

ဖေဖဝါရီ ၁ ရက်၊ ၂၀၂၁ မှာ မြန်မာပြည်ကို စစ်တပ်က အာဏာလုယူ တက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အဖမ်းခံလိုက်ရတယ် ကြားရတယ် အခါမှာ – အဲဒီ ရုပ်ရှင်ဇာတ်လမ်းကို ချက်ခြင်း အမှတ်ရလိုက် မိပါတယ်။

ဒီနေ့ မြန်မာ့ စစ်တပ်ဆိုတာ – ကောက်ကျစ် ယုတ်ညံ့တဲ့ ‘ခွေးဝံပုလွေ’ လို တိရိစ္ဆာန်မျိုး ဖြစ်တယ်ဆိုတာ ၁၉၈၈ မှာကတည်းက ကောင်းကောင်း သဘောပေါက်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒီ့အရင် အချိန်ကတော့ မြန်မာ့ စစ်တပ်ဟာ ဂုဏ်သရေရှိတဲ့၊ သိက္ခာရှိတဲ့၊ စည်းကမ်းရှိတဲ့ လူထုက ချစ်ခင် အားကိုးတဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ နေဝင်းက ဒီအဖွဲ့ကြီးကို စံနစ်တကျနဲ့ ခွေးဝံပုလွေလို သူရဲဘောကြောင်သူ၊ အသိဥာဏ် အလိမ္မာ မရှိသူ၊ ယုတ်မာ ကောက်ကျစ်တတ်သူများကို နေရာပေးပြီး ပြင်ဆင်မွန်းမံခဲ့တာကြောင့် အခုတော့ အဲဒီလိုလူတွေ အများစု နေရာယူထားတဲ့ ခွေးဝံပုလွေ တပ် ဖြစ်နေရတာပါ။

ဒီနေ့မြန်မာ့ စစ်တပ် အသိုင်းအဝိုင်းကို ကြည့်လိုက်ပါ - သူတို့ဟာ ယဥ်ကျေးသိမ်မွေ့တဲ့ စကားတွေ မပြောတတ်ကြပါဖူး၊ ဥာဏ်ပညာနဲ့ ယှဥ်ပြီးလဲ မလုပ်ကိုင်တတ်ကြပါဖူး။ ဒီလို အလိမ္မာမရှိတဲ့ အတွက်လဲ ယုတ်မာ ကောက်ကျစ်တဲ့ အသိတရားနဲ့ သူတို့ရဲ့ ဘဝကို တည်ထောင်နေကြရတဲ့ အခါမှာ သူရဲဘောကြောင်တတ်လာပြီး၊ အောက်တန်းစား အကျင့် အောက်တန်းစား အကြံနဲ့၊ အောက်တန်းစား အလုပ်တွေသာ လုပ်ဖြစ်လာကြတဲ့ အတွက် တိရိစ္ဆာန်လို လူ့အောက်တန်းစားဘဝမှာ ရှင်သန်ကြရပါတယ်။

တကယ်‌တော့ မြန်မာ့ စစ်တပ်ဟာ ဒီတိုင်းပြည်ထဲက ဒီ ပြည်သူလူထုထဲကဘဲ မွေးဖွားလာတဲ့ သားသမီးတွေ ဖြစ်ကြပေမဲ့၊ ဒီ ပြည်သူလူထုကိုဘဲ ဒုက္ခပေး သတ်ဖြတ် ခိုးဆိုး လုယူစားသောက်တတ်တယ်ဆိုကတည်းက မိဘကို ပြန်သတ်တတ်တဲ့ သားသမီးနဲ့ မထူးပါဖူး။ ဒီ့ထက်ဆိုးတာက ကိုယ် ယုံကြည် ကိုးကွယ်ပါတဲ့ ဆိုတဲ့ ဘာသာတရားကိုတောင် ပျက်ဆီး ညစ်နွမ်းစေတာဟာ တော်တော် တန်တန် ဥာဏ်နဲ မိုက်မဲ ယုတ်ညံ့တဲ့ သူတွေတော့ မဟုတ်လောက်ပါဖူး။ အချို့ကတော့လဲ – အသိဥာဏ်လေး နဲနဲ ရှိပေမဲ့ – သူတို့ဆရာ 'အဘ' ဆိုသူတွေကိုယ်တိုင်မှာ ကိုယ့်သားသမီးကို ကိုယ် မုဒိန်းကျင့်တတ်ကြတဲ့ အမျိုးတွေ ဖြစ်တဲ့အတွက် ယုတ်ညံ့သူများဟာ သူ့ထက်ပို ယုတ်ညံ့ယုတ်မာတတ်သူကို ကြောက်ရတာလဲဖြစ်ကောင်း ဖြစ်နိုင်ပါမယ်။

အဲဒီလောက် အောက်တန်းကျတဲ့ တိရိစ္ဆာန်မျိုးစိတ် အများစုနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို ဂုဏ်သရေရှိအောင် လုပ်ဆောင်ဖို့ဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ ရုပ်ရှင်ထဲကလို သားရိုင်းတိရိစ္ဆာန်ကို ယဥ်ပါးအောင် လုပ်ရသလို ဖြစ်ပြီး၊ ယဥ်ပါးတယ် ဆိုရင်တောင်မှ တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ဘဲ ဆိုတဲ့ သတိကတော့ ရှိနေသင့်ပါမယ်။ ဆပ်ကပ်ရုံတွေမှာတောင် ယဥ်ပါးအောင် လုပ်ထားတဲ့ ကျားတွေ၊ ဆင်တွေ၊ မိချောင်းတွေ တိုက်ခိုက်ခံရတာ ကြားဖူးမှာပါ။

တဖက်မှာ ဒီနေ့ မြန်မာ့ စစ်တပ်ဟာ တချိန်က ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် မဟုတ်တော့ဖူး ဆိုတာကို သိထားသင့်ပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းက – တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကို ကြည့်ပြီး ပြတ်ပြတ်သားသား လုပ်ကြ လို့ မှာပေမဲ့၊ ဒီနေ့ စစ်တပ် ခေါင်းဆောင်က စစ်တပ်နဲ့ အလုပ်တွဲလုပ်လို့ ရတဲ့ ပါတီကို မဲပေးခဲ့တယ် ဆိုကတည်းက တချိန်ကလို မြန်မာ့တပ်မတော် မဟုတ်တော့ဘဲနဲ့ အပေါစား ကြေးစား လက်နက်ကိုင် အဖွဲ့ အဆင့် ဖြစ်နေတယ် ဆိုတာကိုလဲ သဘောပေါက် ရမှာပါ။

နေဝင်းခေတ်က စလို့ – စောမောင်၊ သန်းရွှေ၊ အခု မင်းအောင်လှိုင်တို့ကို ဘယ်လိုနည်းနဲ့မှ လူလို ဂုဏ်သရေရှိအောင် မြှင့်တင်လို့ မရနိုင်ဘဲ - သူတို့ကို တိရိစ္ဆာန်လိုသာ နားဖားကြိုး ထိုးထားနိုင်မှ၊ ဒါမှမဟုတ် ချွန်းနဲ့ အုပ်ထားနိုင်ပါမှ၊ မဟုတ်ရင် အချိန်မရွေး လူတွေကို ကိုက်ဖြတ် ရန်ပြုနိုင်တယ်ဆိုတာ မမေ့သင့်တဲ့ ကိစ္စပါ။ အရင်က တောရိုင်း တိရိစ္ဆာန်ကို လူလို ဆက်ဆံခဲ့တာကြောင့် အခု လူတွေတခါ အန္တရာယ်ပြုခံရပြန်ပါပြီ။ ဒါကို အကြိမ်ကြိမ်ကြုံပြီးမှ သင်ခန်းစာမယူဘဲ တိရိစ္ဆာန်တွေကို လူတောသွင်းထားမယ် ဆိုရင်တော့ နောင်လဲ တောရိုင်း တိရိစ္ဆာန်သဘာဝ အတိုင်း လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်အုံးမယ်ဆိုတာကို သတိထားဖို့ လိုပြီထင်ပါတယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved