Share:
Notifications
Clear all

ဒီမိုကရေစီနဲ့ ထိုက်ထိုက်တန်တန် CRPH ကို ထောက်ခံရန်


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
Topic starter  

ဒီအချိန်မှာ CRPH ကထောက်ခံတယ်၊ အားပေးတယ် ဆိုတဲ့ ကိစ္စရပ်တွေကို မိမိတို့က လက်ခံရပါမယ်၊ ပြည်သူတွေ အတွက် ရှေ့တန်းက လုပ်ပေးနေကြတဲ့ Dr Sasa, မင်းကိုနိုင် - သူတို့ရဲ့စကားကိုလဲ နားထောင်ရပါမယ်၊ ဒါမှလဲ ပြည်သူလူထုဘက်က ရပ်တည်ပေးကြတဲ့ နိုင်ငံကြီးတွေက ပြည်သူလူထုအတွက် ပံ့ပိုးမှု ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ ရန်သူဖက်က တပ်ပျက်နေပေမဲ့ ကိုယ့်ဖက်က စည်းလုံးပြီး ကျစ်လစ်အောင် လုပ်ကြရမယ် - ဒါအရေးအကြီးဆုံးဘဲ။

တချို့ကိစ္စတွေမှာ မြန်မာ့ဗီဇ ဆရာကြီးလုပ်ချင်လို့ဘဲ ဖြစ်စေ၊ ရန်သူဖက်က ရှုတ်ထွေးအောင် လုပ်ချင်လို့ဘဲ ဖြစ်စေ၊ အယူအဆတွေ အကွဲကွဲအပြားပြားနဲ့ ဝင်လာတာတွေကို သတိထားကြရပါမယ်။

အချို့က - ကိုယ့်ဘက်သားဖြစ်သော်လည်း ကိုယ်ထင်ရာမြင်ရာပြောပြီး ဆရာကြီးလုပ် ဝင်နှောက်တဲ့ အခါ လမ်းပျောက်တတ်တာ သတိထားရပါမယ်။ အဓိကမှာ - ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လူ့အသိုင်းအဝိုင်းဟာ ယဥ်ကျေးတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်တယ်ဆိုတာ ကမ္ဘာပေါ်မှာ နားလည်ထားကြသလို၊ မိမိတို့ဟာလဲ ယဥ်ကျေးတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်ရမှာ ဖြစ်တယ်။

ဒီမိုကရေစီ လိုလားသူတွေဟာ - စည်းကမ်းရှိကြရမယ်၊ ဥပဒေစည်းကမ်းကို လေးစားလိုက်နာတတ်ကြရမယ်၊ ယဥ်ကျေးတဲ့ လူ့အသိုင်းအဝိုင်း အဖြစ်ရပ်တည်ပြီး တန်းတူ ရည်တူ အဆင့်အတန်းမခွဲခြားဘဲ အညီအမျှ အခွင့်အရေး ရှိစေရမယ်။ တဖက်က ရိုင်းသလို လိုက်ရိုင်းမယ်၊ ဆဲသလို လိုက်ဆဲနေမယ်၊ ဆိုရင်တော့ ဒီမိုကရေစီနဲ့ ထိုက်တန်မှာ မဟုတ်ပါဖူး။

အခု လန်ဒန် မြန်မာသံရုံးမှာ ဖြစ်သွားတဲ့ ကိစ္စမှာ - စစ်တပ်ဖက်က လူ့ယဥ်ကျေးမှုမရှိဘဲ သံရုံးကို တက်သိမ်းပြလိုက်တာ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တခုလို နိုင်ငံတကာက ရှုမြင်နေတဲ့အချိန်၊ မြန်မာပြည်သူလူထုကတော့ ယဥ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းဆိုတာကို ကွဲပြားအောင် ပြသဖို့ အရေးကြီးပါလိမ့်မယ်။ ဒါပေမဲ့ ဟိုတပေါက် ဒီတပေါက်နဲ့ အမျိုးမျိုး ကွဲလွဲနေကြတာတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဒီကြားထဲ လူကြားသူကြား အော်ဟစ်ဆဲဆိုပြနေတာတွေက ပိုပြီး အရုတ်ဆိုးစေပါတယ်။

သိရသလောက်မှာ CRPH က အခုလက်ရှိ သံအမတ်ကိုဘဲ အသိအမှတ်ပြုတဲ့ အကြောင်း စာထုတ်ပြန်ခဲ့ပေမဲ့လဲ၊ လူတွေက ဒီသံအမတ်ဟာဖြင့် ဓါးလှန်လုပ်နေပြီး CRPH ရဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောကြတာမျိုးတွေဟာ အများကြီး သံသယ ဖြစ်စရာပါ။ သို့ဆိုရင် နောင် စစ်အစိုးရက ခန့်လာတဲ့ သံအမတ်ကို အစားထိုးရဖို့မှာ ရွေးစရာအခြားမရှိတဲ့ လမ်းတခုလိုလဲ ဖြစ်သွားစေပါလိမ့်မယ်။

အခုအချိန်ဟာ အငြင်းပွားစရာ၊ စဥ်းစားစရာ ရှုတ်ထွေးနေမယ် ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း CRPH, Dr Sasa, မင်းကိုနိုင်တို့ ရပ်တည်တဲ့အတိုင်း အားဖြည့်ပြီး တစုတစည်းတည်း ဘုံရန်သူကို အရင် နှိမ်နင်းတိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ မိမိတို့ အနေနဲ့ အဆင့်အတန်းမရှိတဲ့ လူ့အောက်တန်းစား အသိုင်းအဝိုင်းကို လက်မခံကြောင်း၊ ထို လူ့အောက်တန်းစားများရဲ့ လုပ်ရပ်ကိုလဲ လက်မခံကြောင်း၊ မိမိတို့ကိုယ်တိုင်မှာ အဆင့်အတန်းရှိရှိ သိက္ခာရှိရှိဖြင့်သာ ယဥ်ယဥ်ကျေးကျေး ထုတ်ဖော်ပြသသင့်တယ်လို့ ထင်ပါတယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Use only English letters in the name.

Author Email

Your email address will not be published.

Title *

(မြန်မာစာဖြင့် ရေးသားလျှင် ယူနီကုဒ်ကို အသုံးပြုပါ)

Maximum allowed file size is 5MB

Preview 0 Revisions Saved