Share:
Notifications
Clear all

မှန်တဲ့ဘက်က ရပ်တည်ရဲတဲ့ သတ္တိ မရှိကြသူ


Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
Topic starter  

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မှန်တဲ့ဘက်က ရပ်တည်ရဲတဲ့ သတ္တိ မရှိရင်တော့ အမှန်တရားကို လက်အုပ်ချီ တောင့်တနေရုံသက်သက်နဲ့ ရနိုင်မှာ မဟုတ်ပါဖူး။ ဓမ္မက အဓမ္မကို အလိုအလျောက် နိုင်မှာမဟုတ်ပါဖူး၊ လူတွေက အဓမ္မကို အားမပေးဘဲ သတ္တိရှိရှိ ဓမ္မဖက်က ရပ်တည်ဖို့ လိုအပ်ပါလိမ့်မယ်။

မြန်မာ့စစ်တပ်ဆိုတဲ့ အပိုင်းကို ပထမ ပြောချင်ပါတယ်။ အခုလဲ မျက်မြင် ကိုယ်တွေ့သိကြတဲ့အတိုင်း စစ်တပ်မှာ တပ်သားက အစ၊ ထိပ်ဆုံးပိုင်းအထိမှာ လူ့အဆင့်အတန်း ရှိတဲ့သူ မပါကြပါဖူး။ သူတို့ရဲ့ အတွေးအခေါ် အမြင်နဲ့ လူနေမှု ပုံစံများဟာ အင်မတန်အောက်တန်းကျကြပါတယ်။ နေဝင်းအစိုးရခေတ်မှ စလို့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဟာ တော်တော်တန်တန် အောက်တန်းကျရုံနဲ့ မဖြစ်ပါဖူး၊ စိတ်ရော ကိုယ်ပါ အကျင့်ယုတ်ကန်း အောက်တန်းကျရုံမက သူတို့ရဲ့ မယားများပါ ယုတ်မာကောက်ကျစ်ပြီး မိန်းမရွှင်လို နေတတ်ကြမှသာ ဗိုလ်ကြီးမှ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ဖြစ်လာကြတာပါ။ ဒီလို မဟုတ်ရင်တော့ စစ်တပ်အနားကို ဘယ်လိုမှ သီလို့တောင်မရနိုင်ပါဖူး - "စစ်ပုံမကျ ဝင်မရ" ဆိုသလိုပါဘဲ။

ယနေ့တော်လှန်ရေးမှာ ထိရောက်တဲ့ ပုံစံအသစ်များအဖြစ် Civil Disobedience Movement (CDM) - အာဏာဖီဆန်ရေး လုပ်တာနဲ့၊ Social Punishment (SP) - လူ့အသိုင်း အဝိုင်းက ဖယ်ထုတ်တာ ၂ မျိုးတွေ့ရပါတယ်။

အခုပြောချင်တာကတော့ SP လုပ်တဲ့ အပိုင်းပါ။ စစ်တပ်ရဲ့ ခေါင်ပိုင်း မိသားစုများဟာ နိုင်ငံခြားတိုင်းပြည် အရပ်ရပ်က မြန်မာ့မျက်နှာကြီး အသိုင်းအဝိုင်းမှာ တော်တော်များများ ဝင်ဆန့်နေကြပါတယ်။ ဒီလူ့အောက်တန်းစား စစ်တပ်မိသားစုဝင်တွေကို မြန်မာ့ အသိုင်းအဝိုင်းထဲမှာ "ဗိုလ်မှူး ဟဝါ၊ မစ္စစ် ++ရှ် ရဲ့ ဟားစဘန်းလေ..." ဆိုတာမျိုး၊ ဂုဏ်ယူမိတ်ဆက်ပြနေကြတဲ့ သူများကိုလဲ ရွံစရာကောင်းအောင်တွေ့နေရသေးပါတယ်။

နေဝင်းအစိုးရခေတ်နဲ့ နောက်ပိုင်းမှာ စစ်သားနဲ့ စစ်သားမယားတွေဟာ အောက်တန်းစား လူယုတ်မာ အကြမ်းဖက် သူခိုးဓါးပြများလို့ လက်မခံရဲကြဘဲ၊ လူ့အသိုင်းအဝိုင်းထဲမှာပင် ထည့်သွင်းပေါင်းသင်းဆက်ဆံနေကြတဲ့ ပြည်ပရောက် မြန်မာ့လူ့အသိုင်းအဝိုင်းဟာ 'အဘ ဘောမ' များနဲ့ မခြား၊ မှန်တဲ့ဘက်က ရပ်တည်ရဲတဲ့ သတ္တိ မရှိကြသော လူ့အသိုင်းအဝိုင်းသာ ဖြစ်ပြီး၊ သူတို့ကို ထိပ်ဆုံးက SP လုပ်သင့်ပါလိမ့်မယ်။

ဒီနေ့ခေတ်အခါမှာ ကိုယ့်လူ့အသိုင်းအဝိုင်းထဲက မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဘာအကြောင်းမျိုးနဲ့ ဖြစ်စေ မထုတ်ပယ်ရဲတာဟာဖြင့် မှန်တဲ့ဘက်က ရပ်တည်ရဲတဲ့ သတ္တိ မရှိတဲ့လူလို့သာ သတ်မှတ်ရပါတော့မယ်။

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Use only English letters in the name.

Author Email

Your email address will not be published.

Title *

(မြန်မာစာဖြင့် ရေးသားလျှင် ယူနီကုဒ်ကို အသုံးပြုပါ)

Maximum allowed file size is 5MB

Preview 0 Revisions Saved