Share:
Notifications
Clear all

[Sticky] သတင်းစကားနှင့်သတင်းပြန်ကြားချက်များ

Page 4 / 4

Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
 

နော်ဝေ ရေနံရန်ပုံငွေအဖွဲ့သည် မြန်မာနိုင်ငံရှိစစ်အစိုးရနှင့်အပြန်အလှန်ဆက်သွယ်သည့် ဆိပ်ကမ်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှု‌ ဒေါ်လာ ဘီလီယံနှင့်ချီ ရှိသည် ဟု နော်ဝေးသတင်းစာက ရေးသားလိုက်သည်။

နော်ဝေနိုင်ငံ၏ အခွန်ထမ်းများ၏ စုဆောင်းငွေများဖြင့် အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားသော Adani Ports ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်များနှင့်ဆက်စပ်နေသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို Norges ဘဏ်မှမပါဝင်လိုပါက အစိုးရပင်စင်ရန်ပုံငွေအဖွဲ့ (GPFG)ကို ရောင်းချပစ်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ Chris Sidoti ကပြောကြားသည်။

source: Bistandsaktuelt 

Never were truer words spoken on this board.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
 

စစ်တပ်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မဟုတ်ဖူး၊ ကာကွယ်စောင့်ရှောက်ဖို့ သက်သက်ဖြစ်တယ်။
ပြည်သူလူထုကဘဲ တိုင်းပြည်ကို အုပ်ချုပ်ရမယ်၊ စီမံခန့်ခွဲရမယ်။
ဒီလိုနားလည်လက်ခံမှု မှားယွင်းခဲ့တဲ့ အတွက် ဒီမိုကရေစီ ဆုံးရှုံးခဲ့ရတယ်။

အခု - တိုင်းပြည်ကို အုပ်ချုပ်ချယ်လှယ်ချင်တဲ့ စစ်တပ်ကို ပြည်သူလူထုနဲ့အတူ တိုင်းရင်းသား တပ်တွေက တော်လှန်နေကြပြီ။ ပြည်သူလူထုကလဲ တိုင်းရင်းသားတပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေကြပြီ။
အနိုင်ရတဲ့ အခါ ဒီတိုင်းရင်းသားတပ်တွေဟာလဲ သူတို့ ပြည်နယ်ဖြစ်ဖြစ်၊ တိုင်းပြည်ကိုဖြစ်ဖြစ် အုပ်ချုပ်ဖို့မဟုတ်ဘဲ ပြည်သူလူထုကိုဘဲ အုပ်ချုပ်ဖို့ အခွင့်အရေးပေးရမှာ ဖြစ်ပြီး၊ ပြည်သူလူထုကလဲ ကိုယ်တိုင်အုပ်ချုပ်ဖို့ကို လုပ်ဆောင်ရမှာဖြစ်တယ်။

ဘယ်ဖက်ကဘဲ ဖြစ်စေ၊ လက်နက်နဲ့ တိုက်ယူပြီး တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင် ဒီမိုကရေစီ မဟုတ်ဖူးဆိုတာ ခုချိန်မှာ သဘောပေါက်ပြီး နားလည်လက်ခံမှု မှန်ဖို့ အရေးကြီးပါတယ်။

Never were truer words spoken on this board.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 4 months ago
Posts: 178
 

အတည်မပြုနိုင်သေးသော သတင်းတခုအရ ဗိုလ်ချုပ်ခင်ညွန့်ကို စစ်ကောင်စီမှ အကြံပေးခန့်အပ်တယ်လို့ ကြားလိုက်ရပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ စကားတခု ရှိတာကို သတိထားစေချင်လို့ ဒီသတင်းစကားပါးရခြင်းဖြစ်ပါတယ်။ ၈၈ မှာ ဗိုလ်ခင်ညွန့်ဟာ ဘယ်သူ့ကိုမဆို ကိုယ့်လူဖြစ်အောင် လုပ်လို့ရတယ် - ဒီလူမှာ ပါးစပ်ပါဖို့ဘဲ လိုတယ်လို့ ပြောဖူးပါတယ်။ သဘောမှာ အခွင့်အရေးနဲ့ ငွေ မက်လောက်ပေးနိုင်ရင် ဘယ်သူမဆို ပိတ်သွားမယ် ဆိုတဲ့သဘောပါဘဲ။ ဒီနည်းနဲ့ အာဆီယံမှာ အပါအဝင်၊ ကျောင်းသားတပ်မတော် အထိပါဝင်နှောက်ခဲ့တာတွေ ပြန်လေ့လာကြည့်ပါ။ နောက်တခုက ဘာသာရေးနဲ့ သွေးခွဲနည်းဖြစ်ပါတယ်၊ ကရင်တပ်မတော်ကို ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကွဲအောင် ဘုန်းကြီးတပါးကို အသုံးချသွားတာလဲ သင်ခန်းစာရကြပါစေ။ အခုခေတ်အချိန်ဟာ ၈၈ နဲ့ မတူတော့တာကြောင့် သိပ်ကြောက်စရာမလိုပေမဲ့ ရန်သူကို လျော့မတွက်တာတော့ အကောင်းဆုံးပါဘဲ။

Never were truer words spoken on this board.


ReplyQuote
Kaung Sett
(@kaungsett)
88 Student Contributor
Joined: 4 months ago
Posts: 59
 

နီလို့ မဟုတ်ဖူး၊ စိမ်းလို့ မဟုတ်ဖူး၊ စစ်တပ်အာဏာသိမ်းတာ လက်မခံလို့ ဆိုပြီး လူတွေက ပြောကြတယ်။

နေပါအုံး မေးကြည့်စမ်းချင်ပါတယ်၊ မြန်မာပြည်မှာ ပြည်သူလူထုအကျိုးကို ကြည့်တဲ့ နိုင်ငံရေးပါတီ ဘယ်နှစ်ပါတီများ ရှိပါသလဲလို့။


ReplyQuote
Kaung Sett
(@kaungsett)
88 Student Contributor
Joined: 4 months ago
Posts: 59
 

ကမ္ဘာ့မျက်နှာစာမှာ မြန်မာနိုင်ငံကို ပြိုကွဲနေတဲ့ နိုင်ငံတနိုင်ငံနဲ့ လူသတ်စစ်အစိုးရ လို့တွေ့နေကြပါတယ်။ ဒီလိုနိုင်ငံမျိုးဟာ ကမ္ဘာမှာ တရားဝင်ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဖူး။ အာဆီယံမှာပင် မအလကို နိုင်ငံခေါင်းဆောင် တယောက်မဟုတ်ဘဲ အာဆီယံနိုင်ငံတနိုင်ငံကို ဝင်သိမ်းထားတဲ့ လက်နက်ကိုင် ဂိုဏ်းခေါင်းဆောင်တယောက် ပုံစံမျိုး ဆက်ဆံထားတာ တွေ့နိုင်ပါတယ်။ ဒါတွေဟာ ဒီနေ့ထက်ထိ ပြည်သူတွေရဲ့ အားသာချက်များပါဘဲ။


ReplyQuote
Kaung Sett
(@kaungsett)
88 Student Contributor
Joined: 4 months ago
Posts: 59
 

ဓမ္မ နဲ့ အဓမ္မ ဆိုတာ ခုတလော ပြောနေကြလို့ပါ၊ ဗုဒ္ဓဘာသာ ပါဋ္ဌိစကား ဆိုရင်တော့ -
ဓမ္မ = Universal truth လောကရဲ့ အမှန်တရားလို့ နားလည်ပါတယ်။
ဓမ္မက အဓမ္မကို နိုင်ပါစေဆိုတော့ ? ? ? 🙄 
ကုသိုလ်ကံ က အကုသိုလ်ကံကို နိုင်ပါစေ ဆိုရင်ပိုအဆင်ပြေမယ်ထင်ရတာဘဲ။


ReplyQuote
Page 4 / 4

Leave a reply

Author Name

Use only English letters in the name.

Author Email

Your email address will not be published.

Title *

(မြန်မာစာဖြင့် ရေးသားလျှင် ယူနီကုဒ်ကို အသုံးပြုပါ)

Maximum allowed file size is 5MB

Preview 0 Revisions Saved