Share:
Notifications
Clear all

[Sticky] သူရဲကောင်းများ နှင့် ပြည်သူဘက်တော်သားများ


admin
(@admin_truemyanmar)
Site Founder Admin
Joined: 8 months ago
Posts: 14
Topic starter  

၂၀၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပြည်သူလူထုနဲ့ အတူ ပါဝင်သူများအား ချီးကျူးနိုင်ရန်အတွက် ဤခေါင်းစဥ် အောက်တွင် Reply လုပ်၍ မှတ်တမ်း စာရင်းပြု စုဆောင်းထားဖို့ ဖြစ်ပါသည်။

It Takes Courage to Stand for the Truth.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
 

‘နေပြည်တော်ဆန္ဒပြပွဲတွင် ဦးခေါင်းကျည်ထိမှန်သည့်မမြသွဲ့သွဲ့ခိုင် ဦးနှောက်သေဆုံးသွား၍ ဆေးပညာအရကွယ်လွန်သွားပြီဟု ဆရာဝန်များအတည်ပြု’

ရန်ကုန် - နေပြည်တော်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်လူစုခွဲရာတွင် ဦးခေါင်းကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် အသက်(၁၉)နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ယနေ့တွင် ဦးနှောက်သေဆုံးသွား၍ ဆေးပညာအရကွယ်လွန်သွားပြီဖြစ်ကြောင်း နေပြည်တော်ခုတင် တစ်ထောင်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုသည်။

မမြသွဲ့သွဲ့ခိုင်သည် ဦးနှောက်သေဆုံးသွားပြီဟု အထူးကုဆရာဝန်များမှ ဆုံးဖြတ်လိုက်၍ ကွယ်လွန်သွားပြီဟု သတ်မှတ်ကြောင်းခုတင်တစ်ထောင်ဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုပြောဆိုသည်။

“ဦးနှောက်သေဆုံးသွားတာပါခင်ဗျ။ ဦးနှောက်သေသွားပြီ။ ပြန်ပြီးတော့ ရှင်သန်နိုင်စရာမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အသက်ရှူစက်တပ်ထားပြီး အဆိုပါစက်ဖြုတ်လိုက်ပါက နာရီပိုင်းအတွင်း နှလုံးခုန်နှုန်း ချက်ချင်းရပ်သွားမည်ဖြစ်ကြောင်း အဆိုပါဆရာဝန်က ပြောသည်။

အသက်ရှုစက်ဖြုတ်မည့်အချိန်အား ဆုံးဖြတ်ရန် မိသားစုကို ရှင်းပြထားသော်လည်း မိသားစုက အသက်ရှူစက်ဖြုတ်ရန် စိတ်ဆန္ဒမရှိသေးကြောင်း ၎င်းက ဆိုသည်။

"မိသားစုကတော့ အသက်ရှူနေသရွှေ့ထားချင်သေးတဲ့ဆန္ဒရှိတယ်။ အသက်ရှူစက်ကို မဖြုတ်ချင်သေးဘူး"ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Never were truer words spoken on this board.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
 

မော်လမြိုင်က တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေကို ရဲတွေက သေနတ်နှင့်ပစ်ပြီး ဖြိုခွင်းတော့ ကျောင်းသားတွေကို ကာကွယ်ကြ လို့အော်ပြီး ကျောပေးကာကွယ်ခဲ့တဲ့ ဦးစိုးဝင်းကိုဂုဏ်ပြုပါတယ်။ ရော်ဘာ ကျည်ဆံ ဖြစ်နေလို့သာ မသေတာပါ" ကျည် (၁၂) ချက် ထိမှန်ခံခဲ့ရပါတယ်။

 

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Never were truer words spoken on this board.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
 

တယ်လီနော ဖုန်းကုမ္မဏီသည် ပြည်သူများဘက်မှ ရပ်တည်၍ အာဏာသိမ်း စစ်တပ်၏ သူတို့အား ညွှန်ကြားချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာပေးနေသည်။

https://www.telenor.com/sustainability/responsible-business/human-rights/mitigate/human-rights-in-myanmar/directives-from-authorities-in-myanmar-february-2021/?fbclid=IwAR2kbnprY6T8YXcFZkN4nk1XFs-HPct4QEqevHPstrmFSNn_qyE3pBB2gOY

Never were truer words spoken on this board.


ReplyQuote
Kaung Sett
(@kaungsett)
88 Student Contributor
Joined: 8 months ago
Posts: 59
 

ဦးခေါင်းကို ကျဥ်ဆံမှန်ပြီး ဆေးရုံရောက်သွားရတဲ့ မမြသွဲ့သွဲ့ခိုင် ယနေ့ (၁၁:၁၅)နာရီမှာကွယ်လွန်သွားကြောင်းသိရသဖြင့်မိသားစုနှင့်ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

 

မမြသွဲ့သွဲ့ခိုင် အား ဂုဏ်ပြု မှတ်တမ်းတင်လိုသဖြင့် ဒီမှာ ဖော်ပြလိုက်ပါတယ်။


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
 

မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ...
.
နေနေဝင်းထက်
အသက် ၁၈ နှစ်
ဘဝက တိုလွန်းလှတယ်ညီ...
၁၅ ရက်နေ့ည ၊ သန်းခေါင်ကျော် ၂ နာရီခွဲမှာ လူငယ်တွေရဲ့တာဝန်။ ကင်းအလှည့်ကျစောင့်ရင်း မီးကွင်းပစ်နေပါတယ်ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က အိမ်တွေကြားထဲပြေးဝင်သွားပါသတဲ့။ လှည့်ကွက်တွေပါဆိုတာ အထပ်ထပ်ပြောနေတဲ့ကြားက လိုက်ပါသူတွေနဲ့လမ်းလွဲ လူစုကွဲသွားတဲ့အခါ....
ခေါင်းမှာဒဏ်ရာနဲ့ ဝေဒနါကိုလူးလှိမ့်၊ "သားဘာမှမဖြစ်ပါဘူး၊ သားရပါတယ်”ဆိုတဲ့စကား မင်းအထပ်ထပ်ပြောသေးတယ်နော်။
ဦးနှောက်နဲ့အာရုံကြော အထူးကုဆရာဝန်စုံအောင် စုံစမ်းရင်း မနေ့ကညနေမှာ ပရဟိတအသင်းရဲ့ကားနဲ့ မြိတ်မြို့ကထွက်လာကြတယ်။
ဒီမနက် ရန်ကုန်အလာလမ်း၊ ခရီးတဝက်မှာတင် အသက်မရှိတော့ဘူးတဲ့လား...
အဝေးသင်တက်ရင်း အလုပ်ရှာမယ်ဆိုတဲ့မင်း၊ ဂစ်တာတီးရင်း ဘဝကအေးဆေးပါဆိုတဲ့မင်း၊ သားကို English speaking သင်ပေးပါလို့ အတန်တန်ပူဆာတဲ့မင်း အခုတော့ အားလုံးကိုထားသွားခဲ့ရပြီနော်..။ အထွေးဆုံးသားမို့ မိဘတွေရင်ထဲ ဘယ်လောက်ခံစားရမလဲ။ ကိုယ်ချင်းစာမိပါရဲ့ကွာ...
လောကကြီးဟာ ဒီလိုပါပဲလို့ စုပုံအပြစ်တင်ရင် လူကြီးမပီရာကျမှာပေါ့။ စနစ်ဆိုးကြောင့် လွတ်လပ်မှုတို့ပျောက်ဆုံး၊ ပြည်သူ့ဘက်မှာ တာဝန်ပျက်ကွက်ကြသူတွေကြောင့်
မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ...
မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ......
မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ရပြီလေ......။
အတတ်နိုင်ဆုံး ညခင်းညဘက် သတိမပျက်စေချင်ပါဘူး။ ဒါပေမယ့် လိုတာထက်ပို ဒေါသတွေထွက်လို့လည်း မရဘူးလေ။ ချည်ပြီးတုတ်ပြီး အရိုက်ခံနေရတဲ့အခါ ကိုယ့်အသိဉာဏ်နဲ့ ထိုးထွက်နိုင်ကြပါစေ...။ မြိတ်ရေ.......။

thar

 

thar1

Copied from the Facebook

Never were truer words spoken on this board.


ReplyQuote
Aung
 Aung
(@aung)
Editor/Blogger Moderator
Joined: 8 months ago
Posts: 182
 
စစ်တပ်ရဲ့ ထိုးကျွေးခံဘဝကနေ ရုန်းထွက်ဖို့ ရဲအရာရှိတွေကိုယ်တိုင် CDM မှာ ပူးပေါင်းပါဝင်ကြပါပြီ - မန္တ​လေး ​အောင်​မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းက စခန်းမှူး ဒုရဲမှူး ကိုထွန်းထွန်းဝင်း
 
01 03 6
01 03 7

- ကူးယူဖော်ပြခြင်းဖြစ်သည် -

Never were truer words spoken on this board.


ReplyQuote

Leave a reply

Author Name

Author Email

Title *

Maximum allowed file size is 5MB

Preview 0 Revisions Saved