အကြမ်းဖက် စစ်တပ်နှင...
 
Share:
Notifications
Clear all

[Sticky] အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ စာရင်း

Page 1 / 6

Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

အောက်ပါစာရင်းပါ အနုပညာရှင်များသည် ပြည်သူလူထုဘက်မှ ရပ်တည်ခြင်းမရှိဘဲ စစ်အာဏာရှင် အကြမ်းဖက်အဖွဲ့ဘက်မှ ရပ်တည်ပေးကြသည့် အထောက်အထားများ မြန်မာ့လူမှုကွန်ယက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရှိသည့်အတွက် စာရင်းသွင်းထားခြင်း ဖြစ်ပါသည်။

အောက်ဖော်ပြပါ စာရင်းသည် စစ်သူပုန်မှ ပထမဦးစွာ ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက်ကြသည့် နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်သည်။

အောက်ဖော်ပြပါ စာရင်းသည် Social Purnishment ခေါ် လူ့အသိုင်းအဝိုင်းမှ အပြစ်ပေးရန် တဦးချင်း၊တဖွဲ့ချင်းစီ ပြုစုကြသည့် စာရင်းများကို ရှာဖွေနိုင်ရန် ကွန်ယက်နေရာများ စုစည်းထားသည့် စာရင်းဖြစ်သည်။

Acceptance
If the information provided above is incorrect, the topic starter agreed to modify or remove this topic. (အထက်ဖော်ပြပါ အချက်အလက်များ မှားယွင်းပါက - ဤထည့်သွင်းချက်ကို ပြင်ဆင်၊ ဖျက်ထုတ်ခြင်း ပြုလုပ်ရန် သဘောတူ လက်ခံပါသည်)
Reply
60 Replies
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်သည့် Facebook ပေါ်မှ သတင်းကို ပြန်ဝေဌပေးပါသည်။

အာဏာသိမ်းစစ်အုပ်စုကို ပြစ်ဒါဏ်ခတ်ရန် ကြေညာခြင်း
နေ့စွဲ - ၁၂၊ ၀၂၊ ၂၀၂၁။
၁။ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ အာဏာသိမ်းစစ်အုပ်စုအပေါ် စတင်ပြစ်ဒါဏ်ခတ် အရေးယူမှုအား မြန်မာပြည်သူများမှ တစ်ခဲနက်ကြိုဆိုထောက်ခံပါသည်။
၂။ သို့ပါ၍ မြန်မာနိုင်ငံပြည်သူများအနေဖြင့်လည်း ပြည်သူတစ်ယောက်ချင်းစီ၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အာဏာသိမ်းစစ်အုပ်စုမှပိုင်ဆိုင်သော အောက်ပါအမျိုးအမည်များအား မသုံးစွဲခြင်းဖြင့် စတင်အရေးယူ ပြစ်ဒါဏ်ခတ်ရန်ကြေငြာလိုက်သည်။
၁။ Premium Gold/ Red Ruby စီးကရတ်လုပ်ငန်း
၂။ အင်းဝဘဏ် နှင့် မြဝတီဘဏ်၊ မြဝတီ ဓါတ်ဆီဆိုင်
၃။ ဆင်မင်းဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ
၄။ MyTel SIM Card နှင့် အခြားဝန်ဆောင်မှုများ
၅။ Vega ပလတ်စတစ် ပစ္စည်း
၆။ သန့်စင်တံဆိပ် လက်သန့်ဆေးရည်၊ ဆပ်ပြာရည်၊ သွားတိုက်ဆေး
၇။ ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ ရွှေမန်းသူ၊ ရှမ်းမလေး၊ ရွှေမြိုင်သူ၊ သန်မြန်သူ ယာဥ်လိုင်း၊ ပါရမီ မြို့တွင်းယာဥ်လိုင်း
၈။ Royal Sportainment Complex: Indoor Skydiving လေထီးခုန်ရုံ၊ Bowling Alley ဘိုးလင်းအားကစားရုံ၊ Ice Skating rink ရေခဲစကိတ်ကွင်း။
၉။ Star Mart, Ruby Mart, ငွေပင်လယ် အမှတ်တံဆိပ်များ (ငွေပင်လယ် ငါးမုန့်လုပ်ငန်းမပါဝင်ပါ။)၊ 547 minimarts
၁၀။ Andaman တံဆိပ် ယမကာများ၊ Myanmar တံဆိပ် ယမကာများ၊ Mandalay တံဆိပ် ယမကာများ၊ Dagon တံဆိပ် အဖျော်ယမကာများ
၁၁။ MEC တံဆိပ်၊ Akadi တံဆိပ်၊ Sunflower တံဆိပ် ဆန်အိတ်များ
၁၂။ Condensed နို့ဆီတံဆိပ်၊ မြင်းခြံ ဓါတ်မြေသြဇာ၊ Sugarmec သကြား
၁၃။ ကန်သာယာဆေးရုံ
နောက်ဆက်တွဲများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁

 

 

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago
  • UMFCCI မှ ဒု-ဥက္ကဌ ဦးဝေဖြိုး (ရသာချို ကုမ္မဏီလိမိတက် ယံယံခေါက်ဆွဲ)
  • အထွေထွေ အတွင်းရေးမှုချုပ် ဦးအေးဝင်း (သူရိယဝင်း ကုမ္မဏီ နဂါးပျံ လဖက်ခြောက်)
  • မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်း ဥက္ကဌ ဒေါက်တာဝင်းမြင့် (မြမေတ္တာမွန် ဆီဆိုင်)
  • မြန်မာနိုင်ငံ မြေသြဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသတိုးဟိန်း (မြန်မာ့သြဘာ လုပ်ငန်းစု)
  • ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်း (ရွှေသံလွင် လုပ်ငန်းအုပ်စု SKY NET)

အထက်ပါ ပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းများဟာ နိုင်ငံတော်ပုန်ကန်သူ မင်းအောင်လှိုင်၏ ဒေါက်တိုင်များအဖြစ် ဝင်ရောက် ပူးပေါင်းလျက်ရှိပါသည်။

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

- edited -

အောက်ဖော်ပြပါ စာအရ စာရင်းပြင်ထားပါသည်။

ပြည်သူလူထုတစ်ရပ်လုံး စိတ်နှလုံးညှိးနွမ်းနေတဲ့အချိန်မှာ ဒီပို့စ်ကို တင်ရတာစိတ်မကောင်းပါ။

မိမိအနေနဲ့ ဘယ်အစိုးရနဲ့မှ ပေါင်းစားစရာအကြောင်းမရှိသလို ဘောမစရာအကြောင်းလဲမရှိပါ။

မယုံဘူးလို့ပြောနေသူများလည်း စောင့်ကြည့်ပါလို့သာပြောချင်ပါတယ်။ အခုလိုခေတ်မှာ မကောင်းတာလုပ် ချက်ခြင်းပေါ်ပါတယ်။ ပုတ်ရင်ပေါ်ပါတယ်။ အချိန်က အဖြေပေးပါမယ်။

မြေသြဇာ၊ မျိုးစေ့ စိုက်ဆေး အသင်းဥက္ကဌ နေရာကလည်း ချက်ခြင်းနှုတ်ထွက်ပါတယ်။

၂ရက်နေ့ည ၈နာရီမှာ ကိုယ့်ကိုလာဖို့ခေါ်ပါတယ်။ ငြင်းလို့မရပါ။

အဲ့အချိန်မှာ CDM ဆိုတာလည်းမကျယ်ပြန့်သေးပါ။ သံပုံးတော့စတီးနေပါပြီ။

ဘာတွေပြောခဲ့လဲဘာကြောင့်လဲ
တောင်သူတွေအတွက် သွင်းအားစုတွေအရေးကြီးကြောင်း ပြောခဲ့ပါတယ်။ (Sanction တွေလာနိုင်လို့ နိုင်ငံခြားငွေသုံးစွဲမှု စိစစ်ရင် ပိတ်ပင်မှုမရှိအောင်ပါ)။ ကိုဗစ်ကြောင့် တောင်သူတွေလည်း လယ်ယာစိုက်ပျိုးရေးကလွဲလို့ တခြားနေရာက အပိုဝင်ငွေမရှိပါ။ သားသမီးတွေလည်း အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

ဘာကြောင့်ပြောရတာလဲ
သွင်းအားစုတင်သွင်းထုတ်လုပ်ဖြန့်ဖြူးသူများအားလုံးသိပါတယ်။ ကိုဗစ်အလွန်အတွက် နိုင်ငံတကာက ရုန်းထနေတဲ့အချိန်မှာ သင်္ဘောတွေမရပါဘူး။ ကွန်တိန်နာတွေမရပါဘူး။ မြေသြဇာ ပိုးသတ်ဆေး စျေးတွေအကုန်တက်ပါတယ်။ ပုံမှန် ၃လနဲ့ သွင်းလို့ရတဲ့ ပစ္စည်း ၅လကြာမှ ရန်ကုန်ရောက်ပါမယ်။ အခုဖေဖေါ်ဝါရီမှာ သွင်းမှ မေမှာရောက်ဖို့မနဲလုပ်ရမှာပါ။

ဒီအချိန်မှာ ပေါ်လစီပြောင်းလို့သွင်းမရရင် ပိုဆိုးမှာပါ။ သွင်းအားစုတွေပြတ်လပ်ပြီး စျေးတက်ကုန်မှာပါ။
မိုးစပါး သီးနှံတစ်ခုထဲမှာ ယူရီးယားတန်ချိန် ၃-၄သိန်းသုံးပါတယ်။ အချိန်မီမရောက်ရင် မသုံးရင် အထွက်ကျမှာပါ။ အထွက်ကျရင် တောင်သူတွေဝင်ငွေကျမှာပါ။ ဆန်စျေးတက်မှာပါ။ ဒီ အကျိုးတရားတွေကို ခံစားရမှာ ပြည်သူတွေပါ။

အခုအချိန်မှာ မမြင်ရပေမယ့် နောက်၆လမှာ ခံစားရမယ့် ဆိုးကျိုးတွေပါ။

အားလုံးရဲ့အကျိုးအတွက် ပြောခဲ့ပါတယ်။ အခုအချိန်မှာ စီးပွားရေးပြိုင်ဘက်အချို့က အောက်လမ်းနည်းနဲ့တိုက်နေတာသိရပါတယ်။ ပြည်သူအများစိတ်နှလုံးညှိးနွမ်းနေတာကို အခွင့်ကောင်းယူ တိုက်ခိုက်ပါတယ်။ အမြတ်ထုတ်နေပါတယ်။ အကြောင်းအရာ ဂဃနဏ မသိသူတွေကလည်း ဝေဖန်နေတာတွေ့ပါတယ်။

နိုင်ငံ့အတွက် အရေးကြီးတဲ့အချိန်မှာ ကိုယ်ကျိုးအတွက် အမြတ်ထုတ်နေတဲ့ တချို့ကုမ္ပဏီတွေကို ကိုယ်စားမပြုချင်တော့ပါဘူး။ ဒါ့ကြောင့် နုတ်ထွက်ပါတယ်။

အမှန်က မိမိရဲ့ ဥက္ကဌ သက်တန်းကလည်း လွန်နေပါပြီ။ ကိုဗစ်ကာလ အသင်း နှစ်ပါတ်လည်အစည်းအဝေးလုပ်မရဘဲ election ပြန်မလုပ်ရသေးလို့သာ ဥက္ကဌဖြစ်နေတာပါ။ ဆက်မလုပ်ဘူးဆိုတာလည်း နဂိုကထည်းက ဆုံးဖြတ်ထားပြီးသားပါ။ အားလုံးကိုလည်းပြောထားပြီးသားပါ။

မိမိအနေနဲ့ ဘယ်အစိုးရနဲ့မှ ပေါင်းစားစရာအကြောင်းမရှိသလို ဘောပြေးမစရာအကြောင်းလဲမရှိပါ။

မယုံဘူးလို့ပြောနေသူများလည်း စောင့်ကြည့်ပါလို့သာပြောချင်ပါတယ်။ အခုလိုခေတ်မှာ မကောင်းတာလုပ် ချက်ခြင်းပေါ်ပါတယ်။ ပုတ်ရင်ပေါ်ပါတယ်။ အချိန်က အဖြေပေးပါမယ်။

မြေသြဇာ၊ မျိုးစေ့ စိုက်ဆေး အသင်းဥက္ကဌ နေရာကလည်း ချက်ခြင်းနှုတ်ထွက်ပါတယ်။
Hlaing MyoHtun
မြန်မာ့ဩဘာသည် မည်သည့်စစ်အဖွဲ့အစည်းကိုမ ထောက်ခံခဲ့ခြင်းမရှိပါ
အစည်အဝေးသွားခဲ့ရသည်မှာလဲ မြန်မာနိုင်ငံမြေဩဇာ၊ပိုးသတ်ဆေး၊မျိုးစေ့ ဥက္ကဌအနေနဲ့သွားခဲ့ရခြင်းဖြစ်သည်
ထို့ကြောင့် True Myanmarမှတင်ထားသော စာရင်းထဲတွင် ဖျတ်ပေးပါ
ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ရေးတင်ခြင်းသည် တဖက်သားအားအကျိုးယုတ်စေပါသည်

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

Huawei သည် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်ရန် မြန်မာစစ်အာဏာသိမ်းကောင်စီ၏ အားထုတ်လုပ်ဆောင်နေမှုများကို ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတကာအစိုးရများနှင့် လူမှုအသိုင်းအဝိုင်းများအနေဖြင့် Huawei အပါအဝင်စစ်အာဏာသိမ်းကောင်စီ၏လူထုအပေါ်ဖိနှိပ်မှုလုပ်ငန်းများတွင်ပါဝင်ကူညီပေးနေသော တရုတ်နည်းပညာကုမ္ပဏီများကို စီးပွါးရေးအရ ဒါဏ်ခတ်အရေးယူပေးပါရန် မြန်မာပြည်သူတစ်ဦးအနေနှင့်တောင်းဆိုအပ်ပါသည်။

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

အမှန်မှာ သူတို့သည်လဲ စစ်ကျွန်ခံများ ဖြစ်ကြသည် မဟုတ်ပါလား?

တိုင်းရင်းသား လက်နက်ကိုင် တရုတ်သြဇာခံ မကျွတ်မလွတ်တွေများ အရေးအကြောင်းဆို အားကိုးမရဘူး
ပွဲပြတ် ပွဲပျက်ဖြစ်မှ သောက်ကြီးသောက်ကျယ်တွေ လာပြောကြမှာ
သေနတ်သံမပြောနဲ့ မီးခြစ် ခြစ်သံ၊ အီးပေါက်သံတောင် မကြားရဘူး

 

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

ကဲကဲ ဆရာဇော်ဝေစိုးတို့ ဆရာဦးမြင့်ထွေးတို့နဲ့ ကိုယ့်ဆေးလောကသားတွေရဲ့ စွန့်လွှတ်မှုကိုမှ အားမနာ နေရာထယူတဲ့
ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း
ရုံးတရက်မှ မပျက်ချင်တဲ့ဒေါက်တာခင်ခင်ကြီး
လူပြန်ကယ်က DG ဒေါက်တာစမ်းစမ်းအေးတို့
ကိုယ့်အလုပ်ပဲကိုယ်ဆက်လုပ်ချင်ကြတဲ့ NHL ကအမကြီးတို့
ဒီလိုလူတွေကိုလဲ သုံးရောင်ခြယ် မမသက် လိုမျိုး
ပြည်သူတွေရင်ထဲ မြဲနေအောင်မှတ်ထားပြီးပါပြီနော်
နောက်မှ နောင်တမရကြေး 😚

 

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

Daw Aung San Su Kyi ကို တရားစွဲထားသောသူရဲ့ သမီး နာမည်က ဂျူလီ လို့ခေါ်ပါတယ် မြန်မာနာမည်ရှိပါတယ်
Perth မြို့မှာနေပါတယ် ဂျူလီကို တူမကို သမီးအနေနဲ့ မွေးစားပြီး ခေါ်ထားတဲ့ သူ့မွေးစားမိဘတွေက ဦး ခဲနက် (Kenneth & Daw Ohnmar Myint) တို့ဖြစ်ပါတယ် Langford မှာနေတယ်(လိပ်စာ အတိအကျ စုံစမ်းဆဲ) ကြားပါတယ် ဒီသတင်း မှန်လား မမှန်လား ဝိုင်းစုံစမ်းပေးကြပါ ဟုတ်ပါတယ်ဆိုရင်တော့ Perth ရဲ့ မြန်မာpage မှာ တင်ပါမယ်နော် သူ့အဖေက ကျွန်မတို့ရဲ့ ခေါင်းဆောင်ကို တရားစွဲပြီး သူ့သမီးက ဒီမှာ good life ရနေတယ် ကျွန်မတို့ မြန်မာနိုင်ငံသားတွေဘဝ စုတ်ပြတ်အောင် လုပ်ထားပြီး သူ့သမီး သူ့အမျိုးတွေကိုကျ ဒီမှာ ထားထားတယ် ဟိုနေ့က protest လုပ်ကြတာ အပျော်မဟုတ်ဘဲ တကယ် perth မြို့က မြန်မာတွေ စည်းလုံးပြီး အုတ်တချပ် သံတချပ် ပါဝင်ကြဖို့ နှိုး​​ဆော်ပါတယ်နော်

 

(မြန်မာ့အသိုင်းအဝိုင်း Social Media မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်)

Reply
David Myo
Posts: 7
 David Myo
Guest
(@David Myo)
Joined: 4 months ago

ဖေ့ဘွတ်ပေါ်က ပြန်ပြီး ကူးတင်တာပါ -

နိုင်ငံ့ခေါင်းဆောင်တွေကို ရီစရာကောင်းတဲ့ပုဒ်မတွေနဲ့ တရားစွဲဖို့ တရားလိုလုပ်ပြီးစွဲတင်တဲ့ ရဲမှူး၊
ပုဒ်မတပ်ပေးတဲ့ ဥပဒေအရာရှိနဲ့
မျက်စိစုံမှိတ် ချုပ်မိန့်ရမာန်ပေးလိုက်တဲ့ တရားသူကြီးရဲ့ နာမည်တွေကို စုံစမ်းသိရှိရပါပြီ...
ကျန်တာကတော့ ဆက်ပြီးစုံစမ်းပေးကြပါ..
တရားလိုလုပ်သူ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲမှူး၊ ရဲမှူးမြင့်နိုင်
အမှုစစ် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကြီး သန်းအေး
တရားလိုဖက်မှ ဥပဒေအကြံပေး ပုဒ်မတပ်ပေးသူ
ဇမ္ဗူသီရိမြို့နယ်ဥပဒေအရာရှိ ဦးအောင်ဘိုဘို
ချုပ်မိန့်ပေးသူ ဇမ္ဗူသီရိမြို့နယ်တရားသူကြီး
ဦးမောင်မောင်လွင် တို့ဖြစ်ပါတယ်တဲ့
အဲဒီ လေးယောက်ဟာ နိုင်ငံတော်ပုန်ကန်မှုမှာ
အားပေးအားမြှောက် ပူးပေါင်းပါဝင်သူ
ပြည်သူ့တရားခံများဖြစ်ပါတယ် ...

Reply
Kaung Sett
Posts: 59
Contributor
(@kaungsett)
88 Student
Joined: 4 months ago

ဒီပေ့မှာ တိုင်းပြည်သစ္စာဖောက်များကို စာရင်းလုပ်ထားပါတယ် -

တိုင်းပြည်သစ္စာဖောက်များအားမှတ်တမ်းတင်အဖွဲ့

Reply
Kaung Sett
Posts: 59
Contributor
(@kaungsett)
88 Student
Joined: 4 months ago

copied -

မြစ်ကြီးနားမြို့ အကြမ်းဖက်မှုမှ စစ်ရာဇဝတ်ကောင်များ
ဖုန်းကိုင်တာနဲ့ လေးခွနဲ့ပစ်ပြီး သတင်းအမှောင်ချရန်ကြိုးပမ်းသူများ
လက်ရှိမြစ်ကြီးနားမြို့၏ လမ်းဆုံတိုင်းတွင် အင်အားပြကာ ဖုန်းကိုင်ထားသူများကိုပါ လေးခွဖြင့် ပစ်ခတ်မှုများပြုလုပ်ကာ သတင်းအမှောင်ချရန် ကြိုးစားလျှက်ရှိနေပါသည်။
အလုံးစုံကို အမိန့်ပေးသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး ဟု ကနဦး သိရှိရပါသည်။
အမိန့်ကို အကောင်အထည်ပေါ်လာစေရန် ကူညီပေးသော ထောက်တိုင်များမှာ
၁။ ဦးသန်းဝင်း
(မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး)
၂။ ဒုရဲမှူးကြီး တင်ဖေဝင်း
(မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူး)
တို့ ဖြစ်ကြောင်း ကနဦး သိရှိရပါသည်။

Reply
Page 1 / 6

Leave a reply

Author Name

Author Email

Title *

ကြေညာရန်အမည်

Details and additional information *

အသေးစိတ်နှင့် ထပ်ဆောင်းအချက်အလက်များ

Maximum allowed file size is 5MB

Preview 0 Revisions Saved