အကြမ်းဖက် စစ်တပ်နှင...
 
Share:
Notifications
Clear all

[Sticky] အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ စာရင်း

Page 6 / 6

Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

- copied -

မန္တလေးသားတွေညီရဲ့လားဟေ့
မန္တလေးတိုင်း၊ မန္တလေးခရိုင် စစ်ကောင်စီအဖွဲ့ဝင်
Dr.ဦးလှကြွယ်သည် (နန်းအိမ်သူဆောက်လုပ်ရေး)
ပိုင်ရှင်ဖြစ်ပါတယ်။
နောက်ထက်လုပ်ငန်းတခုကတော့
" AKM သောက်ရေသန့်" ငကျွဲလမ်း၊၄၉လမ်းနှင့်
လမ်း၅၀ ကြားမှာ ရှိပါတယ်ခင်ဗျာ ။
သူ့ပိုင်AKM ရေသန့်ကို ဝယ်ယူအသုံးမပြုကြပါရန်
Social Punishment လုပ်ကြဖို့ တိုက်တွန်းပါတယ်။

sp53 26
sp53 27
Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago
အမေရိကန်နိုင်ငံရှိ မြန်မာသံရုံး၊ ဝါရှင်တန်မြို့တွင် မြွေပွေးခါးပိုက်ပိုက်မိထားခြင်း
မြန်မာသံရုံး၊ ဝါရှင်တန်မြို၊ သံအမတ်ကြီးမှ ယုံကြည်စွာဖြင့် ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပေးထားသည့် ရုံးအုပ် ဉီးချစ်ကိုကို သည် နိုင်ငံတော်မျက်နှာနှင့် မြန်မာသံရုံးရှိလုပ်ဖော်ကိုင်ဘက်များ၏ မျက်နှာမထောက်ပဲ နိုင်ငံ့အတွင်းသတင်း၊ မြန်မာသံရုံး၊ ဝါရှင်တန်သတင်း၊ လျှို့ဝှက်ချက် စာများကို ဝါရှင်တန်မြို့၊ မြန်မာစစ်သံရုံးမှ စစ်ထောက်လှမ်းရေးများသို့ သတင်းပေးပို့လျက်ရှိကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှ သိရှိရပါသည်။ ချစ်ကိုကို ၏ ဖခင်မှာ ယခင်က စစ်သံ/စစ်ထောက်လှမ်းရေး ပြုတ်တစ်ဉီးဖြစ်ကြောင်း လည်းသိရှိရသည်။
ချစ်ကိုကို က မိန်းမကိစ္စနှင့် အလုပ်ပြုတ်မည့်အခြေအနေ ဖြစ်ခဲ့တုန်းက ခိုငိဆုလင်းက ဟို၀င်ဒီထွက်နဲ့ စောင့်‌ရှောက်ပေးခဲ့ဘူးခြင်းကြောင့် ခိုင်ဆုလင်း၏ကျေးဇူးကို ပြန်ဆပ်ကာ လောက်ထွက်တဲ့သစ္စာဖောက်ပါ။
သံရုံး/အဖွဲ့ရုံးများမှ အကြီးအကဲများနှင့် ဝန်ထမ်းများ လုံခြုံရေးအသိရှိနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
 
sp53 31

 

sp53 32
sp53 33

- copied -

 

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

ရန်ကုန် ကိုအပြတ်ကိုင်တွယ်မယ့် အာဂယောက်ျား ဆိုပြီး နာမည်ကြီးနေပါတယ်။
ရခိုင်မှာလဲ ဦးခေါင်းကို သံချောင်းရိုက်ပြီး စစ်ဆေးကာ လက်စွမ်းပြခဲ့သူဆိုပြီး နာမည်ကြီးပါတယ်။
အမှတ်(၂၅)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရင်းမှူး ကြည်း ၃၆၃၀၆ ဗိုလ်ကြီး(ဒုရဲမှူးကြီး) ကျော်မင်းလှိုင် (DSA-45) ဖြစ်ပါတယ်။
သူ့ဇနီးက ဆရာဝန်မ ရီရီခိုင်ပါ။ သမီးနှစ်ယောက်ရှိပါတယ်။
ဆရာဝန်တွေ စုရပ်ကို သူ့ဇနီးက သတင်းပေးတယ် သိရပါတယ်။

- copied from Facebook's public feed -

sp63 1
sp63 2
sp63 5
sp63 3
sp63 4
Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

ပွင့်ဖြူမြို့ရဲ့ ရန်ငြိုးမရှိဘဲ ရက်စက်စွာ သတ်ဖြတ်မှုမှာ ဦးဆောင်ပါဝင်တဲ့ မိသားစုကိုလဲ Social Punishment လုပ်ကြမယ်
အခုပုံမှာ ပါဝင်တဲ့ အေးသန္တာထွန်း (Tutor, Commerce Department, မိတ္ထီလာစီးပွားရေးတက္ကသိုလ်) ရဲ့ ဖခင်နဲ့ ဦးလေးများဟာ ဦးဆောင်ပြီး သူတို့ရဲ့ အပေါင်းအပါတွေနဲ့အတူ တရားမဝင်သစ်စက်ထဲမှာ မနက်၉နာရီ သတင်းမေးပြီးပြန်လာတဲ့ လူတစ်စုကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာပါ
အဆိုပါ အေးသန္တာထွန်းသည် မိတ္ထီလာစီးပွားရေးတက္ကသိုလ် MBA 11th Batch မှာ ပညာသင်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်
ဘာရန်ညှိုးမှမရှိဘဲ ပွင့်ဖြူမြို့နယ် NLD အသင်းအဖွဲ့ဝင်များမို့လို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်
အေးသန္တာထွန်းရဲ့ ဖခင်နဲ့ ဦးလေးတစ်ဦးနဲ့အတူ အချို့ အပေါင်းအပါများကို ဖမ်းဆီးထားသော်လည်း ကျန်ဦးလေး ၂ဦးနှင့် အပေါင်းအပါအချို့ကတော့ ဆက်လက်လွတ်မြောက်နေဆဲဖြစ်ပါတယ်
နစ်နာသူမိသားစုများဟာလဲ ယခုအချိန်မှာ အစောင့်အကြပ်များနဲ့ နေထိုင်နေရပြီး ဘယ်အချိန် လာသတ်မလဲဆိုတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့အတူ နေထိုင်နေရပါတယ်
နစ်နာသူများ၏မိသားစုဝင်များရဲ့ ပြောဆိုချက်နဲ့အတူ အထက်ပါအကြောင်းအရာများဟာ confirmed ဖြစ်ပါတယ်
အခုလို ရက်စက်စွာ သတ်ဖြတ်တဲ့သူတွေဟာ သူပုန်များနဲ့ တူတူပဲဖြစ်ပြီး ကျွန်မတို့ လူ့အသိုင်းအဝိုင်းအနေနဲ့ ရှုံ့ချပါတယ်
အားလုံးဝိုင်းပြီး Social punishment ပြုလုပ်ကြရအောင်ပါ
အမည် - အေးသန္တာထွန်း
အဖအမည်(တရားခံ) - သက်ထွန်းဦး
အမိအမည် - အေးမျိုးခိုင်
ဦးလေးများအမည်
တရားခံ ၁ - ကျော်ခိုင်ဦး
တရားခံ ၂ - ကျော်နိုင်ဦး
တရားခံ ၃ - ကျော်လင်းနိုင်
အလုပ်အကိုင် - နည်းပြ၊ ဝါဏိဇ္ဇဗေဒဌာန၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်
နေရပ် - ကျောင်းကုန်းကြီးရွာ၊ ပွင့်ဖြူမြို့နယ်
Fb account - "https://www.facebook.com/jasmine.honey.7798"
(အကောင့်ကတော့ ဝင်မရတော့ဘူး report မိတာလား အကောင့် ဖျက်ပြေးတာလားမသ်)
အေးသန္တာထွန်းဟာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ရဲ့ ကျောင်းတွင်း ကျောင်းသူအဆောင်ဖြစ်တဲ့ သရဖီဆောင်ရဲ့ အဆောင်မှူးလဲဖြစ်တယ်လို့ လာရောက် သတင်းပေးထားပါတယ်
ဒါ့အပြင် လက်ရှိ CDM လှုပ်ရှားမှုမှာ ပါဝင်မှုမရှိတဲ့ ဝန်ထမ်းတွေထဲကလည်း တစ်ဦးတစ်ပါအဝင်ဖြစ်ပါတယ်

-copied-

sp 7 3 5
sp 7 3 6
Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

- copied -

စစ်ကောင်စီ ငှားလို့ရသွားတဲ့ Dickens & Madson Canada လော်ဘီ အဖွဲ့အစည်းနဲ့ မောင်မောင်လင်း
Telaviv က မြန်မာသံအမတ် မောင်မောင်လင်း ဆိုတာ သံအမတ်ကြီးတာဝန် အပြင် စစ်အုပ်စုအတွက် အစ္စရေးအသိုင်းအဝိုင်း ကနေ အနောက်အုပ်စုကို ချဉ်းကပ်ပြီး လှုပ်ရှားတယ် လက်နက် ပွဲစားလုပ်တယ် ငွေကြေးခဝါချ ပေးတယ် သူ့ဇနီး ခင်လေးမူ ဆိုတာလည်း အစ္စရေးစစ်တပ် အသိုင်းအဝိုင်းထဲ ဝင်ဆန့်တယ် လက်ဝတ်ရတနာ ကုန်ကူးတယ် သူ့သမီးက Telaviv University မှာ ကျောင်းပြီး ထားတာပါ မောင်မောင်လင်း ဆိုတာ ပြောရရင် Telaviv မှာ စစ်အုပ်စု အတွက် အထိုင်ရွေ့ပေးတဲ့ လူရင်းတယောက်ပါ CDM လုပ်လာဖို့ မမျှော်ပါနဲ့ သံတမန် မျက်နှာဖုံး စွပ်ထားပြီး စစ်တပ်အတွက် လှုပ်ရှားနေတဲ့ အရေးပါတဲ့ သူတယောက်ပါ Telaviv ရောက် မြန်မာတွေ သူ့အတွက် အချိန်မကုန်ပါနဲ့
လတ်တလော နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အကျပ်ရိုက်လာတဲ့ စစ်ကောင်စီက မောင်မောင်လင်း အဆက်နဲ့ ကမ္ဘာ့လောဘီ အသိုင်းအဝိုင်းမှာ ဂျပိုးကိုလိပ်ပါလို့ လုပ်နေတဲ့ Ari Ben-Menashe ပိုင် Dickens & Madson Canada ကို ဈေးကြီးပေး ငှားလိုက်ပါပြီ Ari Ben-Menashe ဆိုတာ အီရန်မှာမွေးပြီး အစ္စရေးမှာကြီးတဲ့ အီရတ်ဂျူးလူမျိုး အစ္စရေး ထောက်လှမ်းရေးဟောင်း တယောက်ပါ ဆူဒန် ဇင်ဘာဗွေ စတဲ့ အထုပ်အရှုပ်တွေက Ari Ben-Menashe ရဲ့ လက်စလက်နတွေ လို့ပြောနိုင်တယ် မောင်မောင်လင်းရော Ari Ben-Menashe ရော လက်ရှိ အခင်းအကျင်းကို ပြောင်းသွားအောင် ဘာမှ မလုပ်နိုင်ဘူး ဒါပေမယ့် အနောက်အုပ်စု အသိုင်းအဝိုင်းကြား ဝါဒဖြန့်ချိရေးတော့ လုပ်လာပါလိမ့်မယ် အခုတောင် စပြောနေပါပြီ ဒါကို သတင်းအမှန်နဲ့ အချိန်မီ တန်ပြန်နိုင်ဖို့တော့ လိုမယ်
မောင်မြင့် ©️Aye Win

 

- copied -

sp 7 3 7
sp 7 3 8
Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

အေးနေဝင်း ရဲ့ ညာလက်ရုံး စမ်းချောင်းက ဒလံ မိုးဆန်းထူး
မိုးဆန်းထူးဆိုတာ အိမ်ထောင်မကျခင် စမ်‌ချောင်း မြေနီကုန်း/‌မြောက် ရှမ်းကုန်းလမ်း အမှတ် (၂၇) မှာ အမေနဲ့အတူနေခဲ့တာပါ.. မြေနီကုန်း စျေးလမ်း အပေါ်ဖက်မှာ အင်တာနက် Game ဆိုင်ဖွင့်ထားပါတယ်.
အေးနေဝင်း လို ဆန်ကုန်မြေလေး ရဲ့ ညာလက်ရုံးဆိုကတည်းက တော်တော် စိတ်ဓာတ်အောက်တန်းကျတဲ့ ကောင်ပဲဆိုတာ ပြောနေစရာမလိုတော့ဘူး။
အစထဲက သူ့ Facebook ပို့စ်တွေ သတိထားမိနေတာကြာပြီ။ ဒါပေမယ့် ရပ်ကွက် ဒလံလို့ တော့ မထင်ထားမိဘူး။ ၆ ရက်နေ့ညက မြေနီကုန်း ကို ရဲနဲ့စစ်တပ် ဝင်လာတော့ ရဲတွေနဲ့အတူ မိုးဆန်းထူးပါလာပါတယ်။
ရပ်ကွက်သူရပ်ကွက်သားတွေသတိမထားမိပေမယ့် ရဲတွေပြန်တဲ့အချိနိ ညကြီးသန်းခေါင်မှ သူ တိုကိပေါ်တိတ်တိတ်လေးပြန်တက်သွားတာပါ။ ဖြစ်ချင်တော့ သူတက်သွားတာကို ကျွနိတော်ကိုယ်တိုင် မြင်ခဲ့တာပါ။ တိတ်တိတ်လေး သူ့အခန်းထဲ ဝင်သွားပေမယ့် မီးတနိးဖွင့်လိုက်တော့ သု့အခန်းမီးလင်းပြီး အပြင်ကနေ သူ့ကို အကုန်မြင်နေရပါတယ်။ ချက်ချင်းမီးပိတ်ပြိး အခန်းထဲ ပြေးဝင်သွားပါတယ်။
ရပ်ကွက်အပေါ် သတင်းပေးပြီး သစ္စာ​ေဖာက်နေတာပါ။ လှည်းတန်းမှာလည်း free ride လုပ်သလိုနဲ့ သတင်းတွေသွားယူပါတယ်။
သူတင်ခဲ့တဲ့ post တွေအကုန် SS ပြပေးပါမယ်။ ရပ်ကွက် ထဲက မောင်းထုတိကြပါ။ social punishment လုပ်ကြပါ။ လူ့ဘောင်အဖွဲ့အစည်းထဲ အပြီးတိုင် မောင်းထုတ် ကြရအောင်။
"https://www.facebook.com/moe.sun.9"
ဒါက သူ့အကောင့်။

- copied -

sp 9 3 1
sp 9 3 2
sp 9 3 3

 

Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago

- copied -

ဒါကတော့ ရန်ကုန်YMBA အသင်းရဲ့ ဥက္ကဌ ဗိုလ်ကြီးဟောင်း မောင်မောင်အောင် ခေါ် ရောင်နီဦး ပါ
သူကတော့အခု ရန်ကုန်လူထုကို ပစ်သတ်နေတဲ့ အကြမ်းဖက်သမားတွေကို ခွေးစာကျွေးနေတာပါ
သူ့သမီးကတော့ ဆရာဝန်ပါ။
နာမည်က အဲလစ်ဂျာရိန်အောင် same batch ပါ
TTC တုန်းကတည်းက section C အခန်းတူ အတန်းတူပါအဖေက YMBA က လောက်ကြီးမှန်းခုမှ သိရတယ်
အရင်က ကိုရီးယားမှာ မာစတာယူပီး အခု ဂျပန်မှာ phd တက်နေတယ်သိရပါတယ်။
ဂျပန်ကအမျိုးတွေ Social Punishment လုပ်ပေးကြပါ။
credit.
UM1မှလောက်ကောင်များကို ဖော်ထုတ်ခြင်း

- copied -

sp 9 3 4
sp 9 3 5
sp 9 3 6
sp 9 3 7
Reply
Aung
Posts: 178
 Aung
Moderator
Topic starter
(@aung)
Editor/Blogger
Joined: 4 months ago
ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (ရန်ကုန်တိုင်း တိုင်းမှူး)
DSA 36 ဆင်း
ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင် (ဒုတိုင်းမှူး)
DSA 36 ဆင်း
ဒဂုံ (၁) ကျောင်းအုပ်ကြီးဟောင်း ဦးကျော်ကျော်ရဲ့ သားမက်
ဗိုလ်မှူးကြီးသန်းနိုင်ထွန်း (ရတခ) (ဗျူဟာမှူး)
ဗိုလ်မှူးဝင့်သူ (ဆအဖ)
ရဲမှူးမျိုးမျိုးကျော်
ရဲအုပ်ဝဏ္ဏကျော် CID
ရဲအုပ်မြင့်ဝေ (SP)
ဗိုလ်မှူးဟိန်းဆက်ဇော် 2IC
ဗိုလ်မှူးသက်ပိုင်ဦး
ဒီလူတွေကတော့ ရန်ကုန်မြို့ကိုဖြိုခွင်းတဲ့နေရာမှာရော၊ ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ် တဲ့နေရာမှာရော တာဝန်ရှိတဲ့လူတွေရဲ့ နာမည်စာရင်းပါ။
 
- Facebook မှကူးယူဖော်ပြသည် -
Reply
Kaung Sett
Posts: 59
Contributor
(@kaungsett)
88 Student
Joined: 4 months ago

အစိတ်သား ဒုဗိုလ်မှူးကြီး ဇော်ထွန်းဦး (ခေါ်) စိန်ကုလား ရဲ့ မိခင်ဒေါ်အုန်းရီ ဟာ
သားအရှိန်နဲ့ အင်မတန်မောက်မာရမ်းကားသူပါ။
အမျိုးရင်းခြာများကကို ဖယ်ကျဉ်ကြပါတယ်။
ဘယ်လောက်ထိ သူတို့မိသားစုကို မေတ္တာထားကြသလဲဆိုရင် ..
သေနတ်မှန်သွားသတဲ့ ဆိုတဲ့ သတင်းကို အမျိုးအချင်းချင်း သတင်းပြောကြတဲ့အခါ
ကြားရသူအပေါင်းပြောကြတာတွေကတော့
ပွဲချင်းပီးသွားရမှာ😂
ခေါင်းတည့်တည့်မမှန်ဘူးလားဟယ်😂
မသေသေးတဲ့လော (ယောသံဖြင့်ဖတ်ရန်)😍
နည်းတောင်နည်းသေးတာပ့😪
သနားစရာမကောင်းအောင်နေခဲ့ကြထှာကိုး😅
အစိမ်းကောင်မျိုးတွေနော်....
ထိုမိန်းမကြီးဘာကြောင့်ကျည်ဆံထိသွားလဲ ဆိုရင်
သူ့အိမ်ရှေ့မှာ ဒို့အရေးတွေအော်နေကြတာ နားငြီးလို့
တခြားသွားအော်ကြစမ်း လို့မောင်းထုတ်ဖို့
ထိုင်နေရာကထပြီးတံခါးသွားအဖွင့်မှာ ....
တံခါးကိုဖေါက်ပြီးဝင်လာတဲ့ကျည်က
(သပိတ်ထဲကို မပစ်ချင်လို့ မိုးပေါ်လွဲပစ်လိုက်တဲ့
ကျည်ဆန်ဟာ )သူမရဲ့ ခါးကို ပြေးဖက်လိုက်ပါသတဲ့
ဂန့်ဂေါမြို့ဟာ သေးသေးလေးပါ
ရဲတွေ နဲ့ပြည်သူဟာ ဆွေမျိုးမကင်းတွေများပါတယ်
အယူအဆနဲ့တာဝန်အရ ထိပ်တိုက်တွေ့ရတဲ့အခါ
မျက်နှာနာကြရပါတယ်
ဒါ့ကြောင့် သပိတ်လူအုပ်ကိုရှောင်ရင်း
မိုးပေါ်လွဲ ပစ်လိုက်ခါမှ အိမ်အပေါ်ထပ်မှာရှိနေတဲ့
စစ်နွားကိုမွေးခဲ့သူကို ထိမှန်သွားတာပါပဲ
စစ်ခွေးပစ်တာဆိုရင်တော့ ခေါင်းပွင့်မှာပါ
စစ်အုပ်စုရဲ့ လိပ်ပြာဟာ
ဘယ်လောက်တောင်ခြောက်ခြားနေပြီလဲဆိုရင်
အဲ့မိန်းမကြီးသေနတ်မှန်ထားကြောင်း ဘသူ့မှမပြောရဲဘူး
သူ့သမီးနဲ့ ကြိတ်ပြီး တညလုံး ကျည်ဆံရှာကြတယ်
ခါးကိုရှပ်ပြီးဖြတ်သွားတာမျိုးဆိုပေမယ့်
အိမ်ထဲမှာ အိမ်ပတ်ဝန်းကျင်မှာ ကျည်မတွေ့တော့
ခါးထဲမှာရှိနေရင် အဆိပ်တက်သေမှာစိုးလို့
မနက်ကျမှ ကလေးဆေးရုံကို ပြေးကြပါသတဲ့
တူမအရင်းတွေက သူနာပြုဆရာမတွေပေမယ့်
ဟူဟူလာလာစကားမပြော အဖက်သိပ်မလုပ်ကြသလို
သူ့တူမတွေက သပိတ်ထဲပါဝင်နေကြပြီး
ပြည်သူ့ခေါင်းဆောင်CDMသမားတွေပါတဲ့
ကျည်ဆံထိထားတာကို အသိမပေးရဲ အသံမထွက်ရဲ
အကူအညီမတောင်းရဲလောက်အောင်
စစ်တပ်အသိုင်းအဝိုင်းဟာ လိပ်ပြာခြောက်နေကြပါပြီ။
အမှန်တရားကနေ သွေဖယ်သွားပြီဆိုရင်
ကံတရားဟာ လုပ်ခဲ့သမျှပြစ်မှုအားလုံးအတွက်
တန်ပြန်သက်ရောက်မှုက တည့်တည့်ကြီးလာပါလိမ့်မယ်
မင်းအောင်လှိုင်ရေ
နင်ပုန်းစမ်း စိတ်ကြိုက်
ပြေးစမ်း သဘောရှိ
ထပ်လိမ်လို့မရတော့တဲ့ နင့်အခြေအနေကို
ကံတရားက စောင့်ကြည့်နေချိန် ပြည့်သွားပြီ
ကျည်ကာတွေဘယ်နှထပ်ဝတ်ထားပါစေ
နင်လုပ်ထားသမျှတွေရဲ့ တန်ပြန်သက်ရောက်မှုတွေက
နင့်ခေါင်းတည့်တည့်ကို မကြာခင်ရောက်လာတော့မယ်
စစ်ကျွန်နွားတွေလည်းသတိထားပါ
ဒီဖြစ်ရပ်ဟာ ရှေ့ပြေးနိမိတ်ပါပဲ
နင်တို့အလှည့် မှာ ဘလိုမှမလွဲတဲ့ပစ်မှတ်တွေနဲ့
မကြာခင်လာပါတော့မယ်
ဒုဘိုမူး စိန်ကုလားရဲ့ အဖေက ဦးဘာဘူ ပါတဲ့ ကွယ်
ချစ်တီးကြီး လေ။
ဆို့စ်😎😎😎😎ကိုယ်ကအကုန်သိ
မေ့သွားလို့
ကိုယ့်ကြီးမေရဲ့ မှတ်ချက်လေးက.....
ဂန့်ဂေါမှာသေရင် အသုဘပ်ို့တဲ့သူတောင်ရှိမှာမဟုတ်ဘူး တဲ့🤣🤣🤣
PN

- copied from Facebook -

Reply
Kaung Sett
Posts: 59
Contributor
(@kaungsett)
88 Student
Joined: 4 months ago
ရန်ကုန်မှာ မြေပြင်ကို အနီးကပ်ကွပ်ကဲပြီး လူသတ်နေတာက ရကတ ဒု-တိုင်းမှူး ဝင်းမြင့်ခိုင် DSA 36
သူ့ကို အမိန့်ပေးခိုင်းနေတာက သူနဲ့ DSA36 အပတ်စဉ်အတူတူ တိုင်းမှူးညွန့်ဝင်းဆွေ
DSA 36 ချင်းအတူတူ ဘာလို့ ရာထူးမတူတာလဲလို့မေးရင် ညွန့်ဝင်းဆွေ ယောက္ခမက စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ဟောင်း..
မအလ စစ်ဦးစီးတက္ကသိုလ်တက်တုန်းက သူ့ ယောက္ခမက မအလ ရဲ့ ဆရာဖြစ်ခဲ့ဘူးတယ်..
ညွန့်ဝင်းဆွေ ကြွားသလို စစ်တိုက်ပြီး တိုင်းမှူးဖြစ်လာတာမဟုတ်ဘူး...
ဘယ်စစ်ပွဲကြီးမှ သူမတိုက်ဖူးဘူး.. ရှေ့တန်း နဲနဲပါးပါးထွက်ဘူးတယ်..
မြစ်ကြီးနားတပ်ထိန်းလုပ်ဘူးတယ်..
စစ်ဆေးကျောင်းအုပ်လုပ်ဘူးတယ်...
ပုသိမ်နတခတိုင်းမှူးဖြစ်တယ်...
ပုသိမ်ရောက်ပြီး ဗိုလ်ချုပ်အပွင့်တောင်မတင်ရသေးဘဲ..ရန်ကုန်တိုင်း တိုင်းမှူးဖြစ်လာတယ်...
ညွန့်ဝင်းဆွေ ကြမ်းတာဆိုလို့ စပွန်ဆာတောင်းတာနဲ့ မအလကို အဖားကြမ်းတာဘဲရှိတယ်...
ဝင်းမြင့်ခိုင် က တဆင့်တက်ရာထူးတိုးမလားဆိုပြီး စိတ်ပါလက်ပါ လူသတ်နေတယ်..
သူတို့မွေးထားတဲ့ ခလေးတွေနဲ့ ရွယ်တူလေးတွေကို ရက်ရက်စက်စက်သတ်တယ်...
အဲ့ဒါ ရန်ကုန်တိုင်း ရဲ့ သမိုင်းဘဲ..
Melvin Moe
ပြန်လည်မျှဝေပါသည်
Reply
Page 6 / 6

Leave a reply

Author Name

Author Email

Title *

ကြေညာရန်အမည်

Details and additional information *

အသေးစိတ်နှင့် ထပ်ဆောင်းအချက်အလက်များ

Maximum allowed file size is 5MB

Preview 0 Revisions Saved