Share:
Notifications
Clear all

ဆိုဒ်ကို တည်ဆောက် ဖွင့်လှစ်လိုက်ခြင်း အကြောင်းကြားစာ

admin
(@admin_truemyanmar)
Site Founder Admin

မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ - Social Media ပေါ်က သတင်းတွေ မှတ်တမ်းတွေ မပျောက်ပျက်ရအောင်နဲ့ ကမ္ဘာမှာ ပြန့်နှံ့ စေဖို့ ရည်ရွယ်ပြီး ဒီဆိုဒ်ကို အလျှင်အမြန် တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။ ဆိုဒ်မှာ အလောတကြီး တည်ဆောက်ထားတာ ဖြစ်လို့ ပြည့်စုံမှု ချက်ခြင်းမရှိသေးပေမဲ့ စံနစ်ကျကျ အမြန်ဆုံး နဲ့ အကောင်းဆုံးဖြစ်အောင်၊ အထူးကြိုးစားနေပါတယ်။

လောလောဆယ် ဆိုဒ်ပေါ်က အချက်အလက်များကို ခွင့်တောင်းစရာမလိုဘဲ လွတ်လွတ်လပ်လပ် ကူးယူဝေဌနိုင်ပါတယ်။ နောက်ပြီး - အချက်အလက်တွေကို စုဆောင်းနေတာမို့ ဆိုဒ်ပေါ်မှာ ဝင်ရောက် ရေးတင်လို့ မရလဲ ပို့ပေးချင်တယ် ဆိုရင် အီးမေးလ်လိပ်စာ - email@truemyanmar.info ကို ပို့နိုင်ပါတယ်။

ဒီဆိုဒ်မှာ မြန်မာပြည်က ဖြစ်ပျက်နေတဲ့ အမှန်တရား အချက်အလက်တွေကို ကမ္ဘာက သိစေနိုင်ဖို့ ရည်ရွယ်ပြီး၊ ရသမျှ အချက်အလက်တွေ မှန် မမှန် စိစစ်ပြီး နေရာပေါင်းစုံကနေ တဆင့် ဖြန့်ဝေကြမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး - ဆိုဒ်ရဲ့ ပြင်ဆင်တိုးတက်မှုနဲ့ လုပ်ဆောင်ချက်တွေ၊ အချိတ်အဆက်တွေကို ဆက်လက် ကြေငြာပေးသွားပါ့မယ်။

It Takes Courage to Stand for the Truth.

ReplyQuote
Topic starter Posted : 11/02/2021 7:04 pm