All Reviews
ဖိုရမ်ခေါင်းစဥ်အမည်နဲ့ အထားအသိုတွေကလွဲရင် အစဥ်ပြေပါတယ်
ကြယ်ငါးပွင့် ပေးချင်ပါတယ်၊ သို့သော် ဖိုရမ်ခေါင်းစဥ်တွေ ခွဲထားတာနဲ့ ခေါင်းစဥ်နာမယ်တွေ နဲနဲပြန်စိစစ်စေချင်တယ်၊ အဲဒါတွေအတွက် အခုတော့ ကြယ် ၄လုံးဘဲ ယူထားပါအုံး။
Response from TrueMyanmar.info
အကြံပြုချက်ထည့်သွင်းပေးတာ တန်ဖိုးထားရှိပါတယ်၊ ပြန်လည်စိစစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်၊ ကျေးဇူးတင်ပါတယ်။
I like this board
It’s cool to see this board delivers not only news but also messages from the people.
Response from TrueMyanmar.info
Thanks for the review. Cheers!
တန်ဖိုးရှိတဲ့စာများနဲ့ ဆွေးနွေးချက်များ ဖတ်ရတဲ့အတွက် ဝမ်းသာပါတယ်
ဒီဆိုဒ်မှာ ကျနော့်ကို ပင်တိုင် စာရေးပေးဖို့ ဖိတ်ခေါ်ခံရတာ ဝမ်းသာပါတယ်။ ဆိုဒ်ရဲ့ အစီအစဥ်နဲ့ အထားအသိုကို အက်မင်တွေကနေ အမြဲဘဲ မေးမြန်းအကြံတောင်းပြီး အသုံးပြုရ လွယ်ကူအောင် စီစဥ်ပေးနေတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ခုလို အချိန်မျိုးမှာ မြန်မာပြည်က အချက်အလက်တွေကို သူ့အကြောင်းအရာ အုပ်စုနဲ့သူ ခွဲခြားပြီး စုဆောင်းသိမ်းဆည်းထားနိုင်တာ သဘောကျမိပါတယ်။ ဒီဆိုဒ်ဟာ အခု စပြီးတည်ဆောက်ခါစမို့ ဝင်ရောက် စာရေးဆွေးနွေးသူ နည်းသေးပေမဲ့ နောင်မှာ ဝင်ရောက်ရေးသား ဆွေးနွေးကြမဲ့ အဖွဲ့ဝင်များဟာလဲ ယဥ်ကျေးမှု အဆင့်အတန်းရှိတဲ့ လူ့အသိုင်းအဝိုင်းမှ ဖြစ်ဖို့ကိုတော့ စိစစ်ပြီးလက်ခံဖို့နဲ့ အဖွဲ့ဝင် နည်းခြင်းများခြင်းထက် တန်ဖိုးရှိတဲ့ ဆွေးနွေးခြင်းများ ဖြစ်နေစေဖို့ကို မျှော်လင့်ပါတယ်။
Response from TrueMyanmar.info
ကိုကောင်းဆက် အကြံပြု သုံ့သပ်ပေးတာကို တန်ဖိုးထား ကျေးဇူးတင်ပါတယ်။
အဆင်ပြေသင့်သလောက်ရှိပါတယ်…
အခုဆို စာဝင်ရေးနေတာ ၁၀ခေါက်လောက်တော့ရှိပါပြီ။ ပထမပိုင်းတော့ နဲနဲအစဥ်မပြေပါဖူး၊ ဘယ်နေရာဘာရှာရမယ် ဆိုတာခက်ခဲပါတယ်။ ဝင်ရေးရင်းနဲ့ နောက်ပိုင်းမှ နဲနဲခြင်းသဘောပေါက်လာပါတယ်။ ဖိုရမ်စီစဥ်ထားပုံကိုတော့ သဘောကျပါတယ်၊ သို့သော် အသုံးပြုဖို့ လွယ်ဖို့တော့ နဲနဲလုပ်ပေးဖို့လိုအုံးမယ် ထင်ပါတယ်။
Response from TrueMyanmar.info
အကဲဖြတ် အကြံဥာဏ်ပေးတာ ကျေးဇူးတင်ပါတယ်၊ အသုံးပြုသူတွေ လွယ်ကူအစဥ်ပြေအောင် စီစဥ်နေပါတယ်။